
နေပြည်တော် ဇူလိုင် ၇
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ရှမ်း ပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံပညာ ကျောင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် မှော်ဘီ မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သား များက ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ နှာခေါင်းစည်း စုစုပေါင်း ၅၆၃၉ ခုကို အခမဲ့ သွားရောက်ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်