ရမည်းသင်းမြို့နယ်၌ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ကျင်းပ

 

ရမည်းသင်း  ဒီဇင်ဘာ  ၇


ရမည်းသင်းမြို့ သီလဝခန်းမ၌ ၂၀၂၂ ခုနှစ်      ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ   တိုက်ဖျက်ရေးနေ့       အခမ်းအနားကို  ဒီဇင်ဘာ  ၅  ရက်က  ကျင်းပရာ       ရမည်းသင်းခရိုင်  အုပ်ချုပ်ရေးမှူး     ဦးမြင့်ထွန်းက အမှာစကားပြောကြားပြီး   ရမည်း သင်းမြို့နယ်   ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော် က ရမည်းသင်းခရိုင်အတွင်း    ခုခံ အားကျဆင်းမှု ရောဂါနှင့်ပတ်သက်၍   ကျန်းမာရေးစောင့်ရှောက်ကုသပေး နေမှုတို့ကို       ပရိုဂျက်တာဖြင့် ရှင်းလင်းပြသသည်။

 


ဆက်လက်၍    ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက် ရေးနေ့       အထိမ်းအမှတ်အဖြစ် ရမည်းသင်းခရိုင်အတွင်း အထက် တန်းအဆင့်        စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင်      ဆုရရှိသည့် ကျောင်းသား   ကျောင်းသူများအားတာဝန်ရှိသူများက    ဆုများချီးမြှင့် ပေးအပ်ပြီး         မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့မှ    စေတနာ့ ဝန်ထမ်းများက AIDS ရောဂါပပျောက် ဖို့     အသိပညာပေး တေးသရုပ်ဖော်    အကများဖြင့်   ဖျော်ဖြေတင်ဆက် သည်။ 


မြို့နယ်(ပြန်/ဆက်)