ရမ်းဗြဲမြို့နယ်၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုး

 

နေပြည်တော်   မတ်   ၁၂


ရခိုင်ပြည်နယ်  ရမ်းဗြဲမြို့နယ်၌  မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ရမ်းဗြဲမြို့နယ်    ဝန်ဖိုက်ဒီရေတောနှင့်  ဝန်ဖိုက်သစ်တောကြိုးဝိုင်း အကွက် အမှတ်(၁)တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 


အဆိုပါသစ်ပင်စိုက်ပျိုးပွဲကို   ရမ်းဗြဲမြို့နယ်  သစ်‌တာဦးစီးဌာနမှ ဝန်ထမ်းများနှင့် လှိုင်ခေါင်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသားများက ဝန်ဖိုက်ကြိုးဝိုင်းတွင်  စုစုပေါင်းပျိုးပင်  ၁၂၀၀ ကို  စိုက်ပျိုးခဲ့ကြောင်း သိရသည်။                       

သတင်းစဉ်