ရမ်းဗြဲအောက်ဆီဂျင်စက်ရုံမှ ဆေးရုံခြောက်ရုံအတွက် လိုအပ်သည့်အောက်ဆီဂျင်များ ထုတ်လုပ်

 

ရမ်းဗြဲ  အောက်တိုဘာ   ၂၄


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌  အရပ်ဘက်ပရဟိတအဖွဲ့အစည်းများ ဦးဆောင်၍     အောက်ဆီဂျင်ထုတ်စက်နှင့်     ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီးပြီဖြစ်၍ မြို့နယ်တွင်းရှိ ဆေးရုံခြောက်ရုံအတွက် လိုအပ် သည့်အောက်ဆီဂျင်များကို ထုတ်လုပ်ပေးလျက်ရှိသည်။

 


အဆိုပါ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်သည်  ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ  ၄၇၀၀၀  ခန့်  ကုန်ကျခဲ့ကြောင်းနှင့်  တစ်နာရီလျှင် လီတာ ၄၀ အိုး   လေးလုံးထုတ်လုပ်နိုင်ပြီး   တစ်နေ့လျှင်   နာရီ ၂၀ မောင်းနှင်နိုင်သဖြင့်  လီတာ ၄၀ အိုး  ၈၀ ထုတ်လုပ်နိုင်ကြောင်း အောက် ဆီဂျင်စက်ရုံမြစ်မြောက်ရေး ဦးဆောင်ကော်မတီများထံမှ သိရသည်။

 


ရမ်းဗြဲမြို့နယ် အောက်ဆီဂျင်စက်ရုံမှအောက်ဆီဂျင်များ ထုတ်နိုင် ပြီဖြစ်သည့်အတွက်   မြို့နယ်အတွင်းရှိ   ဆေးရုံတို့မှ  အောက်ဆီဂျင် လိုအပ်နေသော    လူနာများအပြင်    အခြားမြို့နယ်များမှ   လူနာများ အတွက်လည်း  အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။


အောင်နိုင် (ပြန်/ဆက်)