ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မုဒုံ)မှ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ

 

တွေ့ဆုံမေးမြန်း - အောင်မျိုးသူ (ပြန်/ဆက်)
 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး၊  တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး ကိုအခြေခံ၍ MSME လုပ်ငန်းများ အားပေးမြှင့်တင်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိရာ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မုဒုံ)မှ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရန် တစ်နိုင်တစ်ပိုင်ရက်ကန်းလုပ်ငန်းများ ပေါ်ပေါက်လာစေရန်အတွက် ရက်ကန်းပညာရှင်များ  လေ့ကျင့်မွေးထုတ်ပေးနေမှုနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်နှင့် တွေ့ဆုံမေးမြန်းမှုအားဖော်ပြအပ်ပါသည် - 


မေး။        ။     ရက်ကန်းပညာရပ်ဆိုင်ရာ   သင်တန်းတွေ    ဖွင့်လှစ် သင်ကြားပေးနေတဲ့ အခြေအနေတွေကို သိပါရစေ။
ဖြေ။        ။    သင်တန်းကျောင်းကနေပြီးတော့ မြန်မာ့ရိုးရာ ရက်ကန်း ပညာရပ်များ    မတိမ်ကော    မပပျောက်    ထိန်းသိမ်း 
စောင့်ရှောက်နိုင်ဖို့၊ ရက်ကန်းဆိုင်ရာပညာရပ်တွေ ပြန့်ပွားတိုးတက် စေဖို့၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေပြီး မိသားစုဝင်ငွေ တိုးပွား ရရှိစေဖို့၊ တစ်နိုင်တစ်ပိုင် အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေ ပေါ်ပေါက်လာစေဖို့နဲ့   MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် လာစေဖို့ အတွက် သင်တန်းတွေဖွင့်လှစ်သစ်ကြားပေးနေပါတယ်။

 


မေး။        ။     ရက်ကန်းနှင့်   အသက်မွေးပညာသင်တန်းကျောင်းမှာ ဘယ်လိုသင်တန်းတွေကို                အဓိကသင်ကြားပေး ပါသလဲ။
ဖြေ။        ။     အဓိကသင်ကြားပေးနေတဲ့     သင်တန်းတွေကတော့ ချည်မျှင်နှင့်အထည်အလိပ်          ကျွမ်းကျင်သူတစ်နှစ် 
သင်တန်း၊ လက်ရက်ကန်း ခြောက်လ(တစ်နှစ်နှစ်ကြိမ်)သင်တန်းတွေ ကို သင်ကြားပေးပါတယ်။

 


မေး။        ။     ရက်ကန်းပညာရပ်မှာ     ဘယ်လိုဘာသာရပ်တွေကို သင်ကြားပေးပါသလဲ။
ဖြေ။        ။     သင်တန်းကျောင်းမှာကတော့  စက်ရက်ကန်း၊ လက် ရက်ကန်း၊    အထည်ခွဲစိတ်လေ့လာ၊   အဖြူချွတ်ဆေးဆိုး၊ 
အထည်ဒီဇိုင်း၊ လက်ချည်မျှင်ဆွဲနှင့် ရိုးရာဂျပ်ခုတ်၊ ချည်မျှင်ထုတ်လုပ်မှု နည်းပညာနှင့် အထည်အလိပ်လုပ်ငန်းသုံးအမျှင်များ ဘာသာရပ်တွေ ကို သင်ကြားပေးပါတယ်။

 


မေး။        ။    သင်တန်းတက်ရောက်ဖို့အတွက် ဘယ်လိုအရည်အချင်း တွေ ရှိရမလဲဆိုတာနဲ့ သင်တန်းသား ဦးရေ ဘယ်လောက် လက်ခံပေးနေသလဲဆိုတာ သိပါရစေ။
ဖြေ။         ။     ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ သင်တန်းကို တော့  သင်တန်းကာလ တစ်နှစ်ဖြစ်ပြီး သင်တန်းသား 
၂၀  အထိလက်ခံပြီးတော့      အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူများ ဖြစ်ရပါမယ်။ လက်ရက်ကန်းသင်တန်းကိုတော့ သင်တန်းကာလ ခြောက်လဖြစ်ပြီး သင်တန်းသား ၁၀ ဦးအထိလက်ခံပြီး အခြေခံပညာမူလတန်းအဆင့်  အောင်မြင်ပြီးသူများ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိသူတွေကို     လက်ခံသင်ကြားပေးပါတယ်။ ဒီသင်တန်းတွေကိုတော့ မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်/ ကျေးရွာ များနဲ့ မြို့အနီးအနား တစ်ဝိုက်မှာရှိတဲ့ မြို့နယ်တွေကနေ လာရောက် ပညာသင်ယူကြပါတယ်။

 


မေး။        ။     သင်တန်းသားတွေအတွက် ဖြည့်ဆည်းဆောင်ရွက်ပေး နေတဲ့ ဝန်ဆောင်မှုတွေကိုလည်း သိပါရစေ။
ဖြေ။        ။    သင်တန်းကျောင်းမှာ     ဖွင့်လှစ်တဲ့   သင်တန်းအားလုံး အတွက် လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကို နိုင်ငံတော်မှ 
ကျခံသုံးစွဲတာဖြစ်ပါတယ်။ နောက်ပြီး သင်တန်းသားများ အေးချမ်းစွာ ပညာသင်ယူနိုင်ဖို့အတွက်   စားရေးသောက်ရေး၊  နေထိုင်ဖို့အတွက် ရေ၊ မီး၊ ခုတင်၊ အိပ်ရာ၊ စာကြည့်စားပွဲ၊ သေတ္တာ၊ Wifi စတဲ့လိုအပ်တာတွေ ကိုအပြည့်အစုံနဲ့ အဆောင်မှာနေထိုင်ခွင့်ပြုပြီးတော့ အားလုံးအတွက် အခမဲ့ စီစဉ်ဆောင်ရွက်ထားပါတယ်။

 

မေး။        ။     သင်တန်းတက်ရောက်ပြီးသူတွေကို အလုပ်အကိုင်အခွင့် အလမ်းရရှိအောင်              ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကိုလည်း သိပါရစေ။
ဖြေ။        ။     ဒီမြို့မှာရှိတဲ့ ရက်ကန်းလုပ်ငန်းရှင်များ၊ အစိုးရပိုင်စက်ရုံ များနဲ့     ပုဂ္ဂလိကပိုင်စက်ရုံ၊   အလုပ်ရုံတွေနဲ့ ချိတ်ဆက် ပေးပြီး အလုပ်အကိုင်ရရှိအောင် အပ်နှံပေးသလိုဌာနမှာ လိုအပ်ပါက သင့်တော်တဲ့နေရာတွေမှာ    ဝင်ရောက်လုပ်ကိုင်နိုင်အောင်    ကူညီ ဆောင်ရွက်ပေးပါတယ်။

 


မေး။        ။     သင်တန်းတက်ရောက်ပြီးတစ်နိုင်တစ်ပိုင်   စီးပွားရေး လုပ်ငန်းများလုပ်ကိုင်မယ်ဆိုရင်      ဘယ်လိုကူညီပေး 
ပါသလဲ။
ဖြေ။        ။     တစ်နိုင်တစ်ပိုင်  စီးပွားရေးလုပ်ငန်းများ  လုပ်ကိုင်နိုင် အောင် ဌာန၊  အဖွဲ့အစည်းတွေနဲ့   ချိတ်ဆက်ပေးတယ် 
နောက်ပြီး ငွေကြေးအရင်းအနှီးတွေ ရရှိအောင် သမဝါယမအသင်းစုနှင့် ချိတ်ဆက်ပြီးတော့  ချေးငွေများပေးခြင်းဖြင့်  ကူညီဆောင်ရွက်ပေး ပါတယ်။   ဌာနကကျင်းပတဲ့ အသေးစားထုတ်ကုန်ပစ္စည်းပြပွဲ၊ ပြိုင်ပွဲ တွေမှာ ပါဝင်ပြသရောင်းချခွင့်ပြုပြီး ထုတ်ကုန်ပစ္စည်းတွေ တရားဝင် ရောင်းချနိုင်ဖို့ ဆောင်ရွက်ပေးနေပါတယ်။

 


မေး။        ။     ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းအနေနဲ့ ကျေးလက်နေပြည်သူများ  ဝင်ငွေတိုးပွားစေဖို့အတွက် ဆောင်ရွက်ချက်များရှိရင်လည်း သိပါရစေ။
ဖြေ။        ။     ဌာနအနေနဲ့ အသေးစားထုတ်ကုန်တွေ ဖန်တီးပေးနိုင်ရေး နဲ့  ကျေးလက်နေ   မိသားစုဝင်ငွေတိုးရေး   စီမံကိန်းကို စီမံကိန်းအမျိုးအစား   ခုနစ်ခုနဲ့    အကောင်အထည်ဖော်ဆောင်ရွက် ပေးနေပါတယ်။ (၁) ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) ဆောင်ရွက်မယ့် လုပ်ငန်း၊ (၂) ခေတ်မီစံပြကျေးရွာဖော်ဆောင် ပြီး ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မယ့်လုပ်ငန်း၊ (၃)    လူငယ်များအလုပ်အကိုင်  ဖန်တီပေးနိုင်ရေးဆောင်ရွက်မယ့် လုပ်ငန်း၊ (၄) အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်း လာစေရေးဆောင်ရွက်မည့်လုပ်ငန်း၊ (၅) အမျိုးသမီးများဝင်ငွေတိုးတက် ရေး ဆောင်ရွက်မယ့်လုပ်ငန်း၊ (၆) ဘေးဒဏ်သင့် ပြည်သူတွေအတွက် စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ (၇)   ဘိန်းစိုက်ပျိုးသည့် မြို့နယ်တွေမှာ  အစားထိုး အသေးစားထုတ်ကုန်လုပ်ငန်းတွေ   ဖွံ့ဖြိုးရေးဆောင်ရွက်မယ့် လုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်။     ။