ရခိုင်သတင်းဌာနများ၏ သတင်းများအပေါ် မှတ်ချက်ရေး၊ မျှဝေခြင်းပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရမှ ယနေ့ထုတ်ပြန်သည်ဟု သတင်းတု၊ သတင်းအမှားများ လူမှုကွန်ရက်စာမျက်နှာတွင် တရားမဝင်ပြည်ဖျက်မီဒီယာ The Irrawaddy က မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ   ၆
ရခိုင်ပြည်နယ်အခြေစိုက်      သတင်းဌာနများက ရေးသားဖော်ပြနေသည့်  သတင်းများအပေါ်  လူမှု ကွန်ရက်စာမျက်နှာမှတစ်ဆင့်     မှတ်ချက်ရေးသား ခြင်း၊ မျှဝေခြင်း၊ တစ်ဆင့်ပြန်လည် ကူးယူဖော်ပြခြင်း များ ပြုလုပ်သူများကို ဖမ်းဆီးအရေးယူမည်ဖြစ် ကြောင်းဖြင့်  ရခိုင်ပြည်နယ်အစိုးရက  ဒီဇင်ဘာ ၅ ရက်တွင်    ထုတ်ပြန်ခဲ့ကြောင်း   ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့်   The  Irrawaddy   သတင်းဌာနက လူမှုကွန်ရက်စာမျက်နှာများတွင်     မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ထံသို့ ဆက်သွယ်မေးမြန်းချက်အရ အဆိုပါ သတင်း အား   ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း၊   တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် အစိုးရ၏ လုပ်ငန်း ယန္တရားလည်ပတ်မှုကို  အနှောင့်အယှက်ဖြစ်စေရန် နှင့်    ပြည်သူလူထုအား   အထင်အမြင်လွဲမှားစေပြီး အထိတ်တလန့်ဖြစ်စေရန်အတွက် အခြေအမြစ်မရှိ လုပ်ကြံဖန်တီးရေးသားထားသည့်   သတင်းအတု၊ သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်