ရခိုင်ရိုးရာ သင်္ကြန်နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲ ရန်ကုန်မြို့ရှိ ရခိုင်ဓမ္မာရုံ၌ ကျင်းပ

 

ရန်ကုန်   ဧပြီ   ၁၃          


ရခိုင်စာပေနှင့်  ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)၊   ရခိုင်မြို့နယ်  အသင်း များနှင့် ရခိုင်လူမှုရေး အသင်းအဖွဲ့ များ  ပူးပေါင်းကျင်းပသည့်   ရခိုင် ရိုးရာသင်္ကြန်        နံ့သာသွေးပွဲ နှင့်  ဘုရားရေသပ္ပာယ်ပွဲ    အခမ်း အနားကို    ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့       ဗဟန်းမြို့နယ်   အာဇာနည်လမ်းရှိ   ရခိုင်ပြည်နယ်   ဓမ္မာရုံ၌ ကျင်းပသည်၊၊

 


ဦးစွာ  နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ် ကြပြီး   ရွှေပြည်သာ   ရခိုင်ရိုးရာ စည်တော်အဖွဲ့က  ရခိုင်စည်တော် တီးခတ်၍  ဦးထွန်းဝင်းက သင်္ကြန် ရတုကို သီဆိုကျူးရင့်သည်၊၊

 


ယင်းနောက်     ရခိုင်စာပေ နှင့်   ယဉ်ကျေးမှုအဖွဲ့   (ရန်ကုန်)နာယက  ဒေါက်တာအေးချမ်းက  အဖွင့်အမှာစကား   ပြောကြားပြီး  ရခိုင်စာပေနှင့်   ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)ဥက္ကဋ္ဌက  နှုတ်ခွန်းဆက် စကားပြောကြားသည်၊၊ 

 


ထို့နောက်      ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)၊ ရခိုင် မြို့နယ်    အသင်းများနှင့်    ရခိုင် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်  ရှိသူများ၊       တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက     အမွှေး  နံ့သာရည်ဖြင့်      ဘုရားများအား ရေသပ္ပာယ်ကြသည်၊၊

 


ယင်းနောက် ရွှေပြည်သာရခိုင် ရိုးရာ    ယဉ်ကျေးမှုယိမ်းအဖွဲ့နှင့် ရခိုင်တန်ဆောင်  အမျိုးသမီးများ အဖွဲ့က    ပျို့အလှနှင့်     ခါသင်္ကြန် ယိမ်းအကများဖြင့်  ကပြဖျော်ဖြေ  တင်ဆက်ကြကာ  ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့  (ရန်ကုန်)ဥက္ကဋ္ဌ ဦးသန်းမောင်က ကျေးဇူးတင် စကားပြောကြားသည်၊၊

သတင်း၊ဓာတ်ပုံ-ကိုကိုဇော်(MNA)