ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျန်းမာခြင်းနှင့်ပြည့်စုံမှ တန်ဖိုးရှိသောလူငယ်ဘဝဖိုရမ်သို့ တက်ရောက်

 

စစ်တွေ    နိုဝင်ဘာ  ၁၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏  စီစဉ်မှုဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌   လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊    ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ   ဖြစ်လာစေရန်       ရည်ရွယ် ကျင်းပသော ကျန်းမာခြင်းနှင့်ပြည့်စုံမှ တန်ဖိုးရှိသောလူငယ်ဘဝဖိုရမ်  (Youth and  Health  Forum  2023)  ဟောပြောဆွေးနွေးပွဲကို   ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌   ကျင်းပရာ    ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  ပြည်နယ် အဆင့်      ဌာနဆိုင်ရာများ၊  အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊   လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊  NGO ၊ INGO များမှ  ကိုယ်စားလှယ်များ၊  လူငယ်များ၊  ကျောင်းသား ကျောင်းသူများနှင့်    ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။
ဦးစွာ ကျန်းမာခြင်းနှင့်ပြည့်စုံ မှ တန်ဖိုးရှိသောလူငယ်ဘဝဖိုရမ် မုခ်ဦးကို   ပြည်နယ်ဝန်ကြီးချုပ်   ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊         ပြည်နယ်     ပြည်သူ့ကျန်းမာရေး    ဦးစီးဌာနမှူးနှင့်  လူငယ်ကိုယ်စား လှယ်များက  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ယင်းနောက်    ဟောပြော ဆွေးနွေးပွဲကို    ခန်းမအတွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က  နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အဓိကအရေးအကြီးဆုံးအချက်မှာ လူ့စွမ်းအားအရင်းအမြစ်   ဖွံ့ဖြိုး တိုးတက်မှုဖြစ်ကြောင်း၊ သဘာဝ သယံဇာတများ၊     လူ့စွမ်းအား အရင်းအမြစ်ကို    ဖွံ့ဖြိုးတိုးတက် အောင်         မဆောင်ရွက်နိုင်လျှင် ထိုနိုင်ငံသည်   မတိုးတက်နိုင်ပါ ကြောင်း၊         လူငယ်များသည် နောင်တစ်ချိန်တွင်   တိုင်းပြည်၏ တာဝန်များကို     လက်လွှဲယူပြီး နိုင်ငံကို          ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားကြမည့်        အနာဂတ် ခေါင်းဆောင်  လူ့စွမ်းအားအရင်း အမြစ်များဖြစ်ကြောင်း၊   လူငယ် မျိုးဆက်သစ်များသည် တစ်ခေတ် ထက်တစ်ခေတ်         ပိုတော်လာ ပိုထက်မြက်လာကြပြီး  လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ် မှုများ၊            အခက်အခဲများကို ကျော်လွှားနိုင်ရန်  လိုအပ်မည်ဖြစ် ကြောင်း၊ ယခု ဖိုရမ်တွင် ဆွေးနွေး ပြောကြားကြမည့်   ကျန်းမာရေး ဆိုင်ရာ    အကြောင်းအရာများ၊ သတင်းစကားများ၊ ခင်းကျင်းပြသ ထားသော   ကျန်းမာရေးဆိုင်ရာ   အချက်အလက်များက  တစ်ဆင့်   လူငယ်လူရွယ်များ၏ ဘဝအတွက်         အကျိုးရှိမည့်၊ ပတ်ဝန်းကျင်အတွက် အကျိုးပြုနိုင်သော သတင်းစကား များကို  သိရှိဖြန့်ဝေနိုင်ရန်လည်း ရည်ရွယ်ကျင်းပခြင်း     ဖြစ်ကြောင်း ပြောကြားသည်။(အပေါ်ယာပုံ)
ဆက်လက်၍ Dason Private School မှ ဆရာ  ဆရာမများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေ ကာ ပြည်နယ်ယဉ်ကျေးမှုအဖွဲ့မှ ရခိုင်ရိုးရာအကဖြင့်        ဖျော်ဖြေ တင်ဆက်သည်။   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည်      လူငယ်ရေးရာ ကော်မတီဝင်များ၊ တိုင်းရင်းသား လူငယ်များ၊       အကအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင်      ဓာတ်ပုံ ရိုက်ကြပြီး      ခိုင်သဇင်ပန်းခြံ အတွင်း ခင်းကျင်းပြသထားသော ကျန်းမာရေး အသိပညာပေးပြခန်း များကို        လှည့်လည်ကြည့်ရှု အားပေးကြသည်။
ကျန်းမာခြင်းနှင့်    ပြည့်စုံမှ တန်ဖိုးရှိသော လူငယ်ဘဝ (Youth  and  Health   Forum  2023) ဟောပြောဆွေးနွေးပွဲတွင်   တေး သီချင်းများ၊ တေးသရုပ်ဖော်များ ဖြင့် ဖျော်ဖြေခြင်း၊ စိတ်ကျန်းမာရေး အထူးကု         ဆရာဝန်များက စိတ်ကျန်းမာရေး၊     မူးယစ်ဆေး     အန္တရာယ်နှင့်     ပတ်သက်၍     ဟောပြောခြင်း၊        မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ        ယာဉ် အန္တရာယ်       ကာကွယ်ရေးနှင့်   ပတ်သက်၍   ဟောပြောခြင်း၊   ကျန်းမာရေး စေတနာ့ဝန်ထမ်းများက ဆွေးနွေး ဟောပြောခြင်း၊ အစားအသောက် နှင့်အလှကုန်များ၏ ဘေးအန္တရာယ် အကြောင်း ပညာပေးဟောပြော ခြင်းနှင့်   HIV / AIDS နှင့်ပတ်သက် ၍     ပဟေဠိများ မေးမြန်းခြင်းတို့ကို   ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
ညနေပိုင်းတွင်         ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီ အားကစားကွင်း၌  ကျင်းပသော ပြည်နယ်ဝန်ကြီးချုပ်      ဖလား ပြည်နယ်အဆင့်    ဌာနပေါင်းစုံ ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့     တက်ရောက် ကြည့်ရှုအားပေးသည်။    ဦးစွာ ပြိုင်ပွဲဝင်  အားကစားသမားများ ကွင်းအတွင်းနေရာယူကြပြီး စစ် ကြောင်းမှူးက   ဦးဆောင်ကာ ပြည်နယ်          ဝန်ကြီးချုပ်အား အလေးပြုကြသည်။
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ် ဖလား       ပြည်နယ်အဆင့်ဌာန ပေါင်းစုံဖူဆယ် (အမျိုးသား)ပြိုင်ပွဲ ကို   နိုဝင်ဘာ  ၁၀ ရက်မှ ၂၄ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲ ဝင်အသင်း ၂၆ သင်း   ဝင်ရောက်    ယှဉ်ပြိုင်လျက်ရှိကြောင်း   သတင်း ရရှိသည်။   တင်ထွန်း(ပြန်/ဆက်)