ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး မိမိတို့ဒေသများ၌ မူလတာဝန်များကိုပြန်လည်ထမ်းဆောင်ရန် စစ်တွေမြို့မှ ပြန်လည်ထ

 

စစ်တွေ   ဇန်နဝါရီ   ၂


ရခိုင်ပြည်နယ်     သဘာဝဘေး အန္တရာယ်ဆိုင်ရာ     စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ  ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်   ဦးထိန်လင်းသည် ပြည်နယ် ဝန်ကြီးများနှင့်အတူ            ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့  ဘက်စုံ သုံးဆိပ်ကမ်းသို့     သွားရောက်၍         ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်း မုန်တိုင်း (မိုခါ)    တိုက်ခတ်ပြီး နောက်      ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်        ပြန်လည် ထူထောင်ရေး   လုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး  မိမိတို့ ဒေသများ၌  မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် စစ်တွေ မြို့မှ   ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့ဝင်များ အားတွေ့ဆုံပြီး   ဂုဏ်ပြုအားပေး စကားပြောကြားကာ   ထောက်ပံ့ ငွေများ ပေးအပ်သည်။


လာရောက်ယှဉ်ပြိုင်


(၇၆)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲ ကို စစ်တွေမြို့  ခိုင်သဇင်ခန်းမ၌ယနေ့နံနက်ပိုင်းက     ကျင်းပရာ စစ်တွေမြို့နယ် ရပ်ကွက်အသီးသီး မှ မွေးစမှအသက်ခြောက်လအထိ ကလေးငယ်များ၊      အသက် ခြောက်လမှ အသက် တစ်နှစ်အထိ ကလေးငယ်များ၊ အသက်တစ်နှစ် မှ တစ်နှစ်ခြောက်လအထိ ကလေး ငယ်များ စုစုပေါင်း ၁၅၀ လာရောက် ယှဉ်ပြိုင်ကြပြီး  ပြိုင်ပွဲဝင်ကလေး များ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဉာဏ်ရည် ဖွံ့ဖြိုးမှု၊    တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေး   စောင့်ရှောက်ပေးနိုင် မှုတို့ကို  ဒိုင်အဖွဲ့ သုံးဖွဲ့နှင့် ဒိုင်ချုပ် တစ်ဖွဲ့ဖြင့် ပေးကြသည်။


ကြည့်ရှုအားပေး


အဆိုပါ    ကလေးပြိုင်ပွဲသို့ ရခိုင်ပြည်နယ်  တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်မိခင် နှင့်ကလေး  စောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့နာယကနှင့်   အဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာ  အဖွဲ့ ဝင်များက  ပြိုင်ပွဲဝင်ကလေးများ ယှဉ်ပြိုင်နေမှုကို      လာရောက် ကြည့်ရှုအားပေးကြပြီး မုန့်များနှင့် အမှတ်တရ    လက်ဆောင်ပစ္စည်း များ ပေးအပ်ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသည့်ကလေးများကို (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားတွင်   ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း  သိရ သည်။          

ပြည်နယ်(ပြန်/ဆက်)