ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အုန်းတောကြီးတောင် IDP စခန်း၌ နေထိုင်သူများအတွက် တည်ဆောက်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

စစ်တွေ     ဩဂုတ်    ၁၅


ရခိုင်ပြည်နယ်    သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ     ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်ဝန်ကြီး များသည်  ယနေ့    နံနက်ပိုင်းက စစ်တွေတက္ကသိုလ်၌ Grade – 12 သင်ရိုးသစ်နည်းပြ     သင်တန်း တက်ရောက်နေကြသည့်    ဆရာ ဆရာမများနှင့်တွေ့ဆုံပြီး စစ်တွေ မြို့နယ်   အုန်းတောကြီးတောင် IDP စခန်း၌   နေထိုင်ကြသူများ အတွက်  တည်ဆောက်ရေးပစ္စည်း များကို   သွားရောက်ထောက်ပံ့ ပေးအပ်သည်။ 
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်၌ ပြုလုပ်သော ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်  Grade – 12  သင်ရိုးသစ် နည်းပြသင်တန်း  တက်ရောက်နေ ကြသည့်  ဆရာ   ဆရာမများနှင့် တွေ့ဆုံပွဲတွင် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင် ဇော်က   သင်တန်းဖွင့်လှစ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အနာဂတ်၏   နိုင်ငံ့သားကောင်း ရတနာများကို ပြုစုပျိုးထောင်နေ သော ဆရာ ဆရာမများအနေဖြင့် ဗလငါးတန်နှင့်      ပြည့်ဝသော ကျောင်းသား    ကျောင်းသူများ မွေးထုတ်ရေး     ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောသည်။
ထို့နောက်       ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက  ယခု တွေ့ဆုံပွဲတွင် ဆရာ ဆရာမများ အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များ၊ အနာဂတ် ရခိုင်ပြည်နယ်အတွက် မည်ကဲ့သို့လိုအပ်ချက်များရှိသည်ကို   ချပြ ရှင်းလင်းသည့်    တွေ့ဆုံပွဲဖြစ် ကြောင်း၊ ဆရာ ဆရာမများအနေ ဖြင့် ကျောင်းသား ကျောင်းသူများ ကို ပညာသင်ကြားရင်း နိုင်ငံတော် အစိုးရ၏   လုပ်ဆောင်ချက်များ၊ ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ချက်များ ကိုလည်း ထည့်သွင်းသင်ကြားပို့ချ ပေးရန်လိုအပ်ပါကြောင်း၊   ရခိုင် ပြည်နယ်သည် တည်ငြိမ်အေးချမ်း မှုရရှိနေသည့် ပြည်နယ်တစ်ခုဖြစ် ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ   ဖွံ့ဖြိုးတိုးတက်မှုရှိမည်ဖြစ်သကဲ့ သို့    ဖွံ့ဖြိုးတိုးတက်မှ    တည်ငြိမ် အေးချမ်းမှု    ရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့်   မိမိတို့    အစိုးရအဖွဲ့ အနေဖြင့် တရားဥပဒေစိုးမိုး ရေး၊   တည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေးကို တစ်ပြိုင်တည်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဥပမာ ဆိုင်ကလုန်းမုန်တိုင်း      (မိုခါ) တိုက်ခတ်မှုကို ကြည့်မည်ဆိုလျှင် မုန်တိုင်းမတိုက်ခတ်မီ ကာလက ကြိုတင်ပြင်ဆင်မှုများကို     မိမိ တို့    အစိုးရအဖွဲ့နှင့်အတူ    ဌာန ဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်း များ၊ ပြည်သူများ   ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့်       ထိခိုက် ပျက်စီးဆုံးရှုံးမှု    အနည်းဆုံးဖြင့် ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးဆောင်ရွက် ရာတွင်လည်း နိုင်ငံတော်အကြီး အကဲက   ယခင်အခြေအနေများ ထက် ကောင်းမွန်သာလွန်အောင် ဆောင်ရွက်ရန်     မှာကြားခဲ့ပါ ကြောင်း၊ အချိန်တိုကာလအတွင်း ပညာရေး၊ ကျန်းမာရေး၊ သာသနိက အဆောက်အဦများ၊    လမ်းများ၊ လျှပ်စစ်မီးများ       ပြန်လည် ကောင်းမွန်လာပါကြောင်း  ပြော ကြားသည်။
ဆက်လက်၍    ပြည်နယ် ဝန်ကြီးချုပ်က    သင်တန်းတက် ရောက်နေကြသည့် ဆရာ ဆရာမ များအတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှထောက်ပံ့သည့် ထောက်ပံ့ ငွေအား ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် အုန်းတောကြီး တောင် IDP စခန်းသို့သွားရောက် ပြီး တည်ဆောက်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲသို့   တက် ရောက်သည်။
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က  မုန်တိုင်းမတိုက် ခတ်မီ       ကြိုတင်ရွှေ့ပြောင်း ဆောင်ရွက်ခဲ့မှုများ၊   မုန်တိုင်း အလွန်ကာလ ပြန်လည်ထူထောင် ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် စခန်းတာဝန်ခံ များ၏  ဦးဆောင်မှုအောက်တွင် စည်းစည်းလုံးလုံးဖြင့်    ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများ၊ ပညာ ရေး၊  ကျန်းမာရေး၊   လမ်းပန်း ဆက်သွယ်ရေး    ကဏ္ဍများနှင့် ပတ်သက်၍   ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်    ဆက် သွယ်ပြီး   စခန်းအတွက်လိုအပ် ချက်များ တင်ပြဆောင်ရွက်ရမည့် ကိစ္စများနှင့် ရရှိသည့်အထောက် အပံ့များကို မျှမျှတတခွဲဝေရမည့် ကိစ္စများကို ဆွေးနွေးပြောကြား သည်။ ဆက်လက်၍   ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များက မီးစက်၊ တာပေါ်လင်၊ သွပ် နှင့် အိမ်ရိုက်သံများကို ပေးအပ် ကြကာ စခန်းအတွင်း လှည့်လည်    ကြည့်ရှုကြသည်။  
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့    သွား ရောက်၍  ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက် ခတ်ပြီးနောက် ကူညီကယ်ဆယ် ရေးလုပ်ငန်းများနှင့်   ပြန်လည် ထူထောင်ရေး    လုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး  မိမိတို့ ဒေသများ၌  မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် စစ်တွေ မြို့မှ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ အား တွေ့ဆုံကာ ဂုဏ်ပြုအားပေး စကားပြောကြား၍ ထောက်ပံ့ငွေ များ ပေးအပ်ကြောင်း သတင်းရရှိ သည်။      

တင်ထွန်း(ပြန်/ဆက်)