ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တောင်ကုတ်မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု

 

စစ်တွေ   ဧပြီ   ၂၃


ရခိုင်ပြည်နယ်     ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် တာဝန်ရှိသူများသည်  ဧပြီ ၂၁ ရက် က တောင်ကုတ်မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး    လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်    တောင်ကုတ် မြို့နယ် ကျေးရွာများသို့ ရေဖြန့်ဝေ ပေးလျက်ရှိသော ဝက်ကျိတ်ဆည် ကို သွားရောက်ကြည့်ရှုစစ်ဆေး ရာ  ဆည်မြောင်းဦးစီးဌာန  ပြည် နယ်ဦးစီးမှူးနှင့်  မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အင်ဂျင်နီယာတို့ က   ဆည်အတွင်း   ရေသိုလှောင် နိုင်မှုအခြေအနေ၊    ဆည်ကြံ့ခိုင်မှု အခြေအနေ၊ တာပေါင်ပြုပြင်ရန် လိုအပ်မှုအခြေအနေနှင့်   မြို့ပေါ် ရပ်ကွက်များနှင့်   ကျေးရွာများသို့ ရေဖြန့်ဝေပေးနေမှု   အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည်     တောင်ကုတ် မြို့နယ်အတွင်းရှိ   အခြေခံပညာ ကျောင်းများအား ခြံစည်းရိုးကာရံ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် ရမည့် အခြေအနေများအားလည်း ကောင်း    သွားရောက်ကြည့်ရှု စစ်ဆေးကြရာ  မြို့နယ်ပညာရေး မှူး    ဦးကျော်ထွန်းအောင်နှင့် တာဝန်ရှိသူများက      လိုက်လံ ရှင်းလင်းပြသသည်။

 


ညနေပိုင်းတွင်      ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင် ကုတ်မြို့     မဟာသဒ္ဓမ္မပန်းကုံး ပရိယတ္တိစာသင်တိုက်၌  သံဃာ တော်များ  သောက်သုံးရေအဆင် ပြေစေရန်အတွက် ရေဖြန့်ဝေပေး မည့်ဆည်ကို  ပြုပြင်ရန်အတွက်  ရခိုင်ပြည်နယ်      အစိုးရအဖွဲ့က လှူဒါန်းသော အလှူငွေကျပ် သိန်း ၁၅၀  ကို ဆက်ကပ်လှူဒါန်းသည်။  ယင်းနောက်   ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး မိသားစု က လှူဒါန်းငွေကျပ် သုံးသိန်းကို   ဆက်ကပ်လှူဒါန်းကြသည်။ 

 


ဆက်လက်၍       ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင် ကုတ်မြို့     နယ်စပ်ကုန်သွယ် တံတား တည်ဆောက်မည့် ဆိပ်ခံ တံတားနေရာသို့   သွားရောက် ကြည့်ရှုစစ်ဆေးပြီး    ပြည်ပသို့ တင်ပို့မည့်    ကုန်ပစ္စည်းများ သင်္ဘောပေါ်သို့ အတင်အချပြုလုပ် နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။  

တင်ထွန်း(ပြန်/ဆက်)