ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကျောက်ဖြူမြို့နယ်၌ ရေချိုပုစွန်တုပ်ကြီး  စမ်းသပ်သားဖောက်အောင်မြင်နေမှု ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော် ဇွန်  ၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့်  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်၊ လူမှုရေးဝန်ကြီး  ဦးအောင်မျိုး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်သူဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇွန် ၆ ရက်က  ငါးလုပ်ငန်း ဦးစီးဌာန  ကျောက်ဖြူမြို့နယ် ကျောက်ဖြူ ရေငန်ပုစွန်သားဖောက်စခန်းတွင် ရေငန်ပုစွန် သားဖောက်လုပ်ငန်း ရာသီချိန် ကုန်ဆုံးသဖြင့် လုပ်ငန်းရပ်နားထားစဉ် ကာလအတွင်း ရခိုင်​ပြည်နယ် မြောက်ဦး၊ ပုဏ္ဏားကျွန်း မြို့နယ်တို့မှ ရရှိသည့် ဒေသမျိုးရင်း ရေချိုပုစွန်တုပ်ကြီး စမ်းသပ်သားဖောက် အောင်မြင်နေမှုကို လာရောက် ကြည့်ရှုစစ်ဆေးသည်။ 
ရေချိုပုစွန်တုပ်ကြီး စမ်းသပ်သားဖောက်မှု အောင်မြင်နေပြီဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အတွင်း  ရေချိုအရင်းအမြစ်များရှိရာ ဒေသများတွင် ရေချိုပုစွန်တုပ်ကြီး အသားတိုးမွေးမြူထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်သွားရန် မှာကြားကြောင်း သိရသည်။ 
သတင်းစဉ်