
စစ်တွေ ဇန်နဝါရီ ၂၃
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ်အမျိုးသမီး ဘောလုံးအသင်းသည် ယနေ့နံနက် ပိုင်းတွင် တပ်မတော်လေယာဉ် ဖြင့် နေပြည်တော်မှ စစ်တွေမြို့သို့ ရောက်ရှိလာရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင် ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာန ဆိုင်ရာများ၊ ရခိုင်ပြည်နယ် ယဉ် ကျေးမှုအဖွဲ့မှ သမီးပျိုလေးများ နှင့် အတူ ရခိုင်စည်တော်အဖွဲ့တို့က အောင်စည်တီး၍ ဂုဏ်ပြုကြိုဆို ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက လေဆိပ်ဧည့်ခန်းမ ဆောင်၌ အောင်ပွဲရ အားကစား သမားများနှင့် အုပ်ချုပ်သူ၊ နည်းပြ များအားတွေ့ဆုံကာ နှုတ်ဆက် ဂုဏ်ပြုစကား ပြောကြားကြသည်။ ဆက်လက်၍ အောင်ပွဲရ အား ကစားသမားများသည် အုပ်ချုပ် သူ၊ နည်းပြများနှင့်အတူ စစ်တွေ လေဆိပ်မှ မော်တော်ယာဉ်ဖြင့် လေယာဉ်ကွင်းလမ်း၊ လေယာဉ် ကွင်းလမ်းဆုံမှ မေယုလမ်းအတိုင်း နာရီစင်အထိ ထိုမှတစ်ဆင့် လမ်းမ ကြီးအတိုင်း၊ လမ်းမကြီးမှ စက်ရုံ လမ်း၊ ထိုမှတစ်ဆင့် မင်းဗာကြီး လမ်းအတိုင်း မင်းဗာကြီးလမ်းမှ မေယုလမ်းရှိ ပြည်နယ်အားကစား နှင့် ကာယပညာဦးစီးဌာနရုံးအထိ လှည့်လည်ပြီး ဂုဏ်ပြုအောင်ပွဲခံ ကြသည်။
အောင်ပွဲရအားကစားသမား များနှင့် အုပ်ချုပ်သူ၊ နည်းပြများ သည် စစ်တွေမြို့တွင်းသို့ မော်တော် ယာဉ်ဖြင့် လှည့်လည်ဂုဏ်ပြု အောင်ပွဲခံကြစဉ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အားက စားဝါသနာရှင် မိဘပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြု ကြိုဆိုကြပြီး ဂုဏ်ပြုပန်းစည်းများ၊ ဆုတော်ငွေများ၊ အချိုရည်၊ သောက်ရေသန့်နှင့် အောင်သပြေ များဖြင့် ဂုဏ်ပြုချီးမြှင့် ကြိုဆို ကြသည်။
အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းသည် ပွဲစဉ်အုပ်စုပွဲတွင် နေပြည်တော် အမျိုးသမီးအသင်းကို ငါးဂိုး တစ်ဂိုး၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို သုံးဂိုး တစ်ဂိုး၊ ကွာတား ဖိုင်နယ်တွင် ဧရာဝတီတိုင်းဒေသ ကြီးအသင်းကို သုံးဂိုး၊ နှစ်ဂိုး၊ ဆီမီးဖိုင်နယ်တွင် မွန်ပြည်နယ် အသင်းကို သုံးဂိုး၊ ဂိုးမရှိနှင့် ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ် အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင် ရရှိပြီး တံခွန်စိုက်ဒိုင်းဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ ခဲ့သည်။
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ များကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်း၌ ပြိုင်ပွဲဝင်အသင်း ၁၃ သင်း ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြ သည်။
တင်ထွန်း(ပြန်/ဆက်)