ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ထံ ရခိုင်ပြည်နယ်ဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန် Mr .Jay Krishna လာရောက်တွေ့ဆုံ

 

စစ်တွေ   ဒီဇင်ဘာ   ၂


ရခိုင်ပြည်နယ်     ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်     အစိုးရအဖွဲ့ဝင်များနှင့် အတူ      ယနေ့မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ်  ဧည့်ခန်းမ၌ အိန္ဒိယကောင်စစ်ဝန်     Mr .Jay Krishna အား လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်       ရခိုင်ပြည်နယ် အတွင်း  အိန္ဒိယနိုင်ငံအကူအညီဖြင့် ဒေသဖွံ့ဖြိုးရေး      လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အိန္ဒိယ  မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး  အစီအစဉ် ဖြင့်       ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေးစီမံကိန်း     စစ်တွေဆိပ်ခံ တံတား       တည်ဆောက်ရေး လုပ်ငန်းများ   ပြီးစီးနေမှု၊   ဆိပ်ခံ တံတား      ဖွင့်လှစ်နိုင်ရေးနှင့် လည်ပတ်နိုင်ရေး       ဆောင်ရွက် နေမှု၊ စစ်တွေ - ကျောက်တော်- ပလက်ဝ ကုလားတန်မြစ်ကြောင်း တူးဖော်ရေး      ဆောင်ရွက်နေမှု၊ ပလက်ဝမှ  ဇူရန်ပူလမ်းကြောင်း ဖောက်လုပ်ပြီးစီးနိုင်ရေး     စီစဉ် နေမှုနှင့်    ရခိုင်ပြည်နယ်အတွင်း  အိန္ဒိယနိုင်ငံအစိုးရ၏      အကူအညီ ဖြင့်    ဒေသတွင်း    မီးလင်းရေးနှင့် ရေရရှိရေး     စသောဒေသဖွံ့ဖြိုး ရေး       စီမံကိန်းလုပ်ငန်းများ  ဆောင်ရွက်မည့်    အစီစဉ်များကို ဆွေးနွေးခဲ့ကြသည်။

 


တွေ့ဆုံပွဲသို့        ပြည်နယ် ဝန်ကြီးများ၊    ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့     အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ   တက်ရောက်ကြကြောင်း သိရသည်။  

သတင်းစဉ်