
နေပြည်တော် မတ် ၁၅
အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားမှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီ ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Sun Shine ရေယာဉ်သည် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ကျန်းမာရေး သုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်း များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မှာယူ သည့် Transformer ၁၁ လုံး၊ လျှပ်စစ်သုံး ဆက်စပ်ပစ္စည်းများ၊ ဆောက်လုပ်ရေး သုံးပစ္စည်းများ၊ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ၊ ရုံးသုံးပရိဘောဂ များ အပါအဝင် စုစုပေါင်းတန် ၁၅၆၁ ဒသမ ၄၀ တင်ဆောင်၍ ယမန်နေ့က စစ်တွေမြို့ သို့ ထွက်ခွာသွားကြောင်း သတင်းရရှိ သည်။
သတင်းစဉ်