ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ပေးပို့

 

နေပြည်တော်   ဖေဖော်ဝါရီ    ၁    


အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ    စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက် သွယ်ရေး   လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့်     ရခိုင်ပြည် နယ်သို့       ပြန်လည်ထူထောင် ရေး    ပစ္စည်းများကို      ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့်  ပို့ဆောင်ပေးလျက်ရှိရာ MV Royal Venus  ရေယာဉ်သည် ပို့ဆောင် ရေးနှင့်      ဆက်သွယ်ရေးဝန်ကြီး ဌာန၊     ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန      တို့မှ ပေးပို့သည့် ပြန်လည်ထူထောင် ရေး   ပစ္စည်းများ၊  ရခိုင်ပြည်နယ် အစိုးရအဖွဲ့က            မှာယူသည့် စားသောက်ကုန်များ၊ စားသုံးဆီ၊ ကျန်းမာရေးသုံး         ပစ္စည်းများ၊ ဆောက်လုပ်ရေး       လုပ်ငန်းသုံး ပစ္စည်းများနှင့် ထော်လာဂျီယာဉ်  ငါးစီးအပါအဝင် စုစုပေါင်းတန်ချိန် ၂၄၅၅ ဒသမ ၆၈ တင်ဆောင်၍ ယနေ့      ညနေပိုင်းတွင်         The Myanmar    Terminal    (TMT)   ဆိပ်ခံတံတားမှ       စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။ 


ရခိုင်ပြည်နယ် စစ်တွေမြို့သို့  ၂၀၂၃  ခုနှစ်  မေ  ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေယာဉ် များအပါအဝင် ရေယာဉ် ၄၂ စင်း ဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊        ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေး          ပစ္စည်း စုစုပေါင်း   ၆၄၆၇၆ ဒသမ ၀၉ တန်နှင့် ဒီဇယ် ၂၄၉၇၆၂ ဂါလန်၊ Octane 92  ၁၉၉၈၈၆  ဂါလန် ပို့ဆောင်ပေးခဲ့ကြောင်း      သိရ သည်။                      

သတင်းစဉ်