ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဆက်လက်ပို့ဆောင်

 

နေပြည်တော်     ဇွန်   ၂၀ 


ရခိုင်ပြည်နယ်    သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေး နှင့်    ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်    အသုံးပြုရန် အတွက်   MERCURY   FORCE သင်္ဘောသည် ယနေ့  ညနေပိုင်း တွင်   ကာကွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်   ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊   ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့်     မွန် ပြည်နယ်အစိုးရတို့မှ  ပေးပို့သည့် သစ်ခွဲသားတန်   ၃၀၀၊     သွပ် ၁၅၄၅၈၈ ချပ်၊ ခေါင်အုပ်သွပ်ချပ် ၉၀၂၃၀၊  သွပ်သံ  ၆၉၀၅ ပိဿာ၊ အိမ်ရိုက်သံ ၇၂၆၅ ပိဿာ၊ အုတ် အလုံး   ၃၀၀၀၀၊   ကရိန်းယာဉ် တစ်စီး၊ လက်တွန်း ထွန်စက်အစီး ၆၀၊ အင်ဂျင်အလုံး ၆၀၊ စက်သုံးဆီ ပီပါ ၃၀၀၊ ရေသန့်စင်စက် ပုံး ၂၀၀၊ အစားအသောက်နှင့် လူသုံးကုန် ပစ္စည်း  ၁၁ ဒသမ ၄ တန်  အပါ အဝင် စုစုပေါင်း ကူညီကယ်ဆယ် ရေးပစ္စည်း ၁၄၆၃ ဒသမ ၂၈ တန် တင်ဆောင်၍   The   Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့      ထွက်ခွာသွား ကြောင်း သိရသည်။     

သတင်းစဉ်