ရခိုင်ပြည်နယ်ရှိ လိုအပ်သောနေရာများသို့ ကြက်ခြေနီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်

 

ကျောက်တော်   ဇွန်  ၂၉


မြန်မာနိုင်ငံ    ကြက်ခြေနီအသင်း သည်   ရခိုင်ပြည်နယ်ရှိ   လိုအပ် သောနေရာများသို့   လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများ     ပေးအပ်လျက်ရှိရာ ကျောက်တော်မြို့နယ်    ကြာညို ပြင်ကျေးရွာ၊      သရက်တပင် ကျေးရွာ၊     သိန်းတန်းကျေးရွာ၊ ပြင်လှကျေးရွာနှင့်     စနစ်သစ် ကျေးရွာတို့မှ ဒေသခံပြည်သူများ အတွက် အသင်းမှထောက်ပံ့သည့် အစားအစာမဟုတ်သော  ပစ္စည်း များနှင့် သောက်ရေသန့်ကတ်များ၊ ခေါက်ဆွဲခြောက်နှင့်     ကြက်အူ ချောင်းများကို   ရခိုင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေး နှင့်   ရခိုင်ပြည်နယ်စီမံချက်များ စီမံခန့်ခွဲရေးယူနစ် ညွှန်ကြားရေး မှူး ဒေါ်အေးအေးငြိမ်း  ဦးဆောင် ပြီး    ကြက်ခြေနီဝန်ထမ်းများ၊ ဒေသခံကြက်ခြေနီ   စေတနာ လုပ်အားရှင်များက   ဇွန်  ၂၇   ရက်  နံနက်ပိုင်းတွင်       သွားရောက် ထောက်ပံ့ပေးခဲ့သည်။

 


ထိုသို့   ထောက်ပံ့ပေးဝေရာ တွင်     အဆိုပါကျေးရွာများမှ အိမ်ထောင်စုပေါင်း ၁၅၀ အတွက် မိသားစုသုံးပစ္စည်း  ၉၁ ပုံး၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအိတ် ၁၅၀၊ အမျိုးသားတစ်ကိုယ် ရေသန့်ရှင်းရေးသုံးပစ္စည်း ၁၃၃ အိတ်၊   အမျိုးသမီးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း ၁၃၇အိတ်၊ ဆပ်ပြာတောင့် ၁၅၀ ၊  ကလေး (တစ်နှစ်ခွဲမှ  နှစ်နှစ်ခွဲ)   အဝတ် အထည် ၆၁ ထုပ်၊ လက်သမားသုံး အိမ်ဆောက်ပစ္စည်းအိတ်    ၄၆ အိတ်၊ မီးဖိုချောင်သုံးပစ္စည်း၅၉ ပုံး၊ တာပေါ်လင် စ ၁၁၈ စ၊ ခြင်ထောင် ၅၉ လုံး၊ စောင် ၅၉ ထည်၊  ၂၀ လီတာဆံ့   သောက်ရေထည့်ပုံး ၁၅၀၊  တစ်လီတာ   ခြောက်ဘူးပါ သောက်ရေသန့်ကတ် ၁၅၀၊ ခေါက် ဆွဲခြောက်ထုပ် ၁၅၀၀၊ ကြက်အူ ချောင်းထုပ် ၁၅၀ တို့ကိုထောက်ပံ့ ကူညီပေးခဲ့ပြီး ဒေသခံပြည်သူများ ကို      ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် သန့်လေးသန့် ကျန်းမာရေးအသိပညာပေး ဟော ပြောမှုများ   ဆောင်ရွက်ခဲ့သည်။ 

 


မြန်မာနိုင်ငံ     ကြက်ခြေနီ အသင်းအနေဖြင့်      အကူအညီ လိုအပ်နေသည့်   နေရာများသို့ စားနပ်ရိက္ခာများ၊ ရေနှင့်တစ်ကိုယ် ရေသန့်ရှင်းရေးသုံး ပစ္စည်းများ၊ အမိုးအကာများ၊  အဝတ်အထည် များနှင့်   ငွေသားများ   ထောက်ပံ့ ကူညီနိုင်ရန် ဆက်လက်ချိတ်ဆက် ဆောင်ရွက်လျက်ရှိ​​ကြောင်း သိရ သည်။


ဝင်းအောင်(ကြက်ခြေနီ)
ဓာတ်ပုံ - ထွန်းအောင်ကျော် 
(ကြက်ခြေနီ)