ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီရပ်ဆိုင်းထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်

 

စစ်တွေ  အောက်တိုဘာ ၁၆


ရခိုင်ပြည်နယ်အတွင်း   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့်   ယာယီ ရပ်ဆိုင်းထားသည့်       နယ်စပ် ကုန်သွယ်ရေးစခန်းများ  ပြန်လည် ဖွင့်လှစ်ကာ   ကုန်သွယ်မှုလုပ်ငန်း များ         ဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့    ရွှေမင်းဂံဆိပ်ကမ်း နယ်စပ်    ကုန်သွယ်ရေးစခန်းကို   ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့     အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ    တာဝန်ရှိသူများက အောက်တိုဘာ    ၁၅     ရက်က သွားရောက်စစ်ဆေးသည်။

 


ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ အား   ရှင်းလင်းဆောင်၌    နယ်စပ် ကုန်သွယ်ရေးစခန်းမှ  တာဝန်ရှိသူ များ၊   ရခိုင်ပြည်နယ်  ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦး နှင့် အတွင်းရေးမှူးတို့က ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ကုန်သွယ် ရေးလုပ်ငန်းများ   ဆောင်ရွက်နေ မှု၊    ကုန်သွယ်ရေးပြုလုပ်နေသည့် သင်္ဘောများ၊         စက်လှေများ၊ လုပ်သားများ၊      ပစ္စည်းများနှင့် ကုန်များအား   စိစစ်ဆောင်ရွက် နေမှုတို့ကို   ရှင်းလင်းတင်ပြကြသည်။ 

 


ပြည်နယ်ဝန်ကြီးချုပ်       က ပို့ကုန်ပစ္စည်းများ         ပြန်လည် တင်ပို့နိုင်ရန်၊   ကုန်သည်လုပ်ငန်း ရှင်များ  လုပ်သာကိုင်သာရှိစေရန် အတွက်     ကိုဗစ်-၁၉   ရောဂါ ကာကွယ်၊      တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ     နယ်စပ် ကုန်သွယ်ရေးကို ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊     ထို့ကြောင့် ချမှတ်ထားသည့်  ညွှန်ကြားချက် များ၊ စည်းကမ်းချက်များနှင့်အညီ  လုပ်ဆောင်ကြရန်   လိုကြောင်း မှာကြားပြီး   ဆိပ်ကမ်း၌ ကုန်တင် ကုန်ချပြုလုပ်နေကြသည့် သင်္ဘော များနှင့်   စက်လှေများကို  ကြည့်ရှု စစ်ဆေးသည်။

 


ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့်   နယ်စပ်ကုန်သွယ် ရေးပြုလုပ်နေသည့်   မောင်တော မြို့နယ်   ကညင်ချောင်း   နယ်စပ် ကုန်သွယ်ရေးစခန်းနှင့်    စစ်တွေ မြို့နယ်     ရွှေမင်းဂံဆိပ်ကမ်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ဇူလိုင် ၁၅ ရက်မှစ၍ ယာယီရပ်နား ပြီး    လက်ရှိအချိန်တွင်မူ   ရောဂါ ကူးစက်မှုနှုန်း လျော့နည်းကျဆင်း လာခြင်းကြောင့်      ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  စည်းကမ်းချက်များ နှင့်အညီ  အောက်တိုဘာ ၁၃ ရက် မှစ၍   ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း  သိရသည်။

 

တင်ထွန်း
(ပြန်/ဆက်)