ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် စာသင်ကျောင်း ၁၂၀၀ ခန့် ပိတ်ထားရကြောင်း မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ   ၂၃ 


ရခိုင်ပြည်နယ်တွင် AA လက်နက်ကိုင်      သောင်းကျန်းသူများ၏     အကြမ်းဖက် လုပ်ရပ်များကြောင့်       ရခိုင်ပြည်နယ် (မြောက်ပိုင်း) ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး နှင့်စစ်တွေ စသည့်မြို့နယ်  ၁၀  မြို့နယ်၌     စာသင်ကျောင်းပေါင်း    ၁၂၀၀     ခန့် ပိတ်ထားရကြောင်း မဟုတ်မမှန်သတင်း များ   လူမှုကွန်ရက်စာမျက်နှာများတွင်      ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိ ရသည်။


ဖြစ်စဉ်အမှန်မှာ     ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်    စာသင်ကျောင်းများ     ပိတ်ထားမှုမရှိဘဲ    ကျောင်းများ   ပုံမှန် အတိုင်း ဖွင့်လှစ်လျက်ရှိပါကြောင်း ရခိုင် ပြည်နယ်     ပညာရေးမှူးရုံးမှ    တာဝန် ရှိသူတစ်ဦး၏     ပြောကြားချက်အရ သိရှိရသည်။ 
သို့ဖြစ်ပါ၍ ဒေသခံတိုင်းရင်းသားများ အနေဖြင့်    လူမှုကွန်ရက်    စာမျက်နှာ များတွင်  ပြည်ဖျက်မီဒီယာနှင့် အကြမ်း ဖက်မှုအားပေးသည့် မီဒီယာအချို့တို့မှ  ပညာရေးနှင့်ပတ်သက်၍   မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည့်   လုပ်ကြံ သတင်းများကို ယုံကြည်ခြင်းမရှိကြရန် နှင့်   မိမိတို့၏   သားသမီးများ၏   ပညာ ရေးကို   ဆက်လက်    အားပေးသွားကြ ရန်   လိုအပ်မည်ဖြစ်ကြောင်း  သတင်း ရရှိသည်။


သတင်းစဉ်