ရခိုင်ပြည်နယ်မှ ကျောင်းသား ကျောင်းသူများအတွက် ကာကွယ်ဆေးများတပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိ

 

စစ်တွေ   အောက်တိုဘာ ၁၇


ရခိုင်ပြည်နယ်အတွင်းရှိ  အခြေခံ ပညာအလယ်တန်းနှင့်  အထက် တန်းကျောင်းများမှ  အသက် ၁၂ နှစ်နှင့်အထက်   ကျောင်းသား ကျောင်းသူများအား ထိုးနှံပေးမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ စစ်တွေမြို့နှင့် သံတွဲမြို့များသို့ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်း က        တပ်မတော်လေယာဉ်ဖြင့် သယ်ယူ       ရောက်ရှိလာကြောင်း သိရသည်။

 


ရန်ကုန်မြို့    မင်းဓမ္မလမ်းရှိ  တိုးချဲ့ကာကွယ်ဆေး  သိုလှောင် ခန်းတွင် ထားရှိသည့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဆီနိုဗက် အမျိုးအစား)များကို  စံချိန်စံညွှန်း များအတိုင်း  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့  တပ်မတော် လေယာဉ်များ၊    Cold Chain Delivery Logistics  မော်တော် ယာဉ်ကြီးများဖြင့်    ပို့ဆောင်ဖြန့် ဖြူးပေးလျက်ရှိသည်။

 


ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ သံတွဲမြို့သို့ ဆီနိုဗက်  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး   အရေ အတွက် ၂၉၄၈၁ လုံးနှင့်  ဆေးထိုး အပ် ၅၇၆၀၀ ၊    စစ်တွေမြို့သို့ ဆီနိုဗက်   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေး     အရေအတွက် ၆၉၅၆၈ လုံးနှင့်   ဆေးထိုးအပ် ၁၀၃၁၁၄ ခုတို့ကို    တပ်မတော် လေယာဉ်ဖြင့်      သယ်ယူရောက် ရှိလာခြင်းဖြစ်သည်။

 


ကာကွယ်ဆေးများကို  သံတွဲ မြို့နယ်နှင့်    စစ်တွေမြို့နယ်မှ  တာဝန်ရှိသူများက   လက်ခံယူကြ ပြီး  အဆိုပါကာကွယ်ဆေးများကို    ရခိုင်ပြည်နယ်အတွင်း         အခြား မြို့နယ်အသီးသီးနှင့်        ချင်း ပြည်နယ်        ပလက်ဝမြို့သို့      ဆက်လက်   ဖြန့်ဝေပေးမည်ဖြစ်ကြောင်း   သိရသည်။

တင်ထွန်း
(ပြန်/ဆက်)