ရခိုင်ပြည်နယ်၏ လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် အားရကျေနပ်စရာကောင်း

စစ်တွေ   ဇန်နဝါရီ   ၂၇


တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ဝင်း၌   ကျင်းပရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာညွန့်ဖေ၊  ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်


ဖွင့်ပွဲအခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာညွန့်ဖေ၊  ဦးစောထွန်းအောင်မြင့်၊  ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်နှင့် တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်တို့က တောင်ကုတ်တက္ကသိုလ် မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က   တောင်ကုတ်တက္ကသိုလ်မုခ်ဦးကို   စက်ခလုတ်နှိပ်       ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက  တောင်ကုတ်တက္ကသိုလ်ဆိုင်းဘုတ်ကို  အမွှေး နံ့သာရည်ပက်ဖျန်းပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။


မြင်တွေ့လာရ


ထို့နောက်  အခမ်းအနားဒုတိယပိုင်းကို  ဆက်လက်ကျင်းပရာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒေါ်အေးနုစိန်က ရခိုင် ပြည်နယ်အတွက် အားထားရသည့် တက္ကသိုလ်အသစ်ကြီး ရရှိသည့် အတွက်လည်း  အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊  ရခိုင် ပြည်နယ်၏ လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက်   အားရကျေနပ်စရာကောင်းလှပါ ကြောင်း၊ တောင်ကုတ်မြို့သည်လည်း အချိန်တိုတိုအတွင်း တိုးတက် စည်ပင်လာသည်ကို မြင်တွေ့လာရပါကြောင်း၊ နိုင်ငံတော်တစ်ဝန်းမြို့ရွာ များ ယခုကဲ့သို့စည်ပင်သာယာအောင် နိုင်ငံ့ဝန်ထမ်းများ မြို့ခံလူထုနှင့် အတူ ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ကြလျှင် မလွဲဧကန်ဖွံ့ဖြိုးလာမည် မှာ အမှန်ပင်ဖြစ်ကြောင်း၊  ကျရာတာဝန်ထမ်းဆောင်ရန် ရောက်ရှိ လာကြသည့် ဆရာ  ဆရာမများ၊ ဝန်ထမ်းများကလည်း မိမိတို့တာဝန် ကျရာ ဒေသဖွံ့ဖြိုးတိုးတက်အောင် စေတနာထားဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ပေးကြရန်လိုကြောင်း၊ ဒေသအကျိုး နိုင်ငံ့အကျိုးဆောင်နိုင် မည့်  လူရည်လူမွန်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ဖြစ်ပေါ်လာပါ စေဟုလည်း ဆန္ဒပြုပါကြောင်းပြောကြားသည်။


အမှာစကားပြောကြား


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအကြံပေးအဖွဲ့   အဖွဲ့ဝင်  ဒေါက်တာ ရင်ရင်နွယ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း တို့က အမှာစကားပြောကြားကြပြီး တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်နှင့်    မြို့မိ  မြို့ဖ  ဦးကျောက်တောင်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။ 


ထို့နောက် တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ် ဖွင့်ပွဲအထိမ်းအမှတ် ကျောက်စီပန်းချီကားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများအားပေးအပ်ပြီး  တက္ကသိုလ် မှ နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ က ရိုးမရိပ်ခို တောင်ကုတ်တက္ကသိုလ်၊ ပန်းတိုင်းပွင့်ပါစေ၊ ဝေသာလီ၊ ရခိုင်တို့မြေလာခဲ့လေ တေးသီချင်းယိမ်းအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။ 


လှူဒါန်းပေးအပ်


ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ဒုတိယဝန်ကြီးတို့က    တောင်ကုတ်တက္ကသိုလ်သို့    ပြည်ထောင်စု တိုင်းရင်းသားမဂ္ဂဇင်းစာအုပ်များ လှူဒါန်းပေးအပ်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန် ရှိသူများက ကပြဖျော်ဖြေတင်ဆက်ကြသည့်  ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


အခမ်းအနားအပြီးတွင်      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် တောင်ကုတ်တက္ကသိုလ်၏ လှုပ်ရှား ဆောင်ရွက်မှုပြခန်းနှင့်  တက္ကသိုလ်ဘာသာရပ်ဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ 


တင်ထွန်း(ပြန်/ဆက်)