
စစ်တွေ ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၏ ခရီးသွားကဏ္ဍတိုးတက်လာရေး အတွက် ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စစ်တွေမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဇူလိုင် ၂၆ ရက် က ပြုလုပ်သည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာအောင်ကျော်မင်းက ခရီးသွားလုပ်ငန်း သည် သီးခြားရပ်တည်၍မရသည့်အတွက် အခြားသောဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာလုံခြုံမှုလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ နှင့် ဆက်စပ်နေခြင်းကြောင့် ပြည်နယ်အတွင်းရှိ အခြားသောလုပ်ငန်းဌာနများ၏ လုပ်ငန်းအကောင် အထည်ဖော်ဆောင်မှုများသည် ခရီးသွားလုပ်ငန်း အတွက် များစွာအထောက်အကူပြုကြောင်း၊ ဌာနများ က မိမိတို့၏တာဝန်ကို အောင်မြင်အောင် အသီးသီး ဆောင်ရွက်သည့်ရလဒ်က ခရီးသွားလုပ်ငန်းအပေါ်မှာ ပါ ကောင်းမွန်သည့် အကျိုးဖြစ်ထွန်းမှုများ ရရှိစေ သည်ကိုတွေ့ရကြောင်း၊ ထို့အပြင် ဧည့်သည်များနှင့် ဝန်ဆောင်မှုပေးသူများပါ ကျန်းမာရေးလုံခြုံမှုရှိ သော ပတ်ဝန်းကျင်လုပ်ငန်းခွင်ကို ရရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်သွားကြရန်လည်း သတိပေးလိုကြောင်း ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ် တွင် ခရီးသွားရာသီ၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ အား ဆွဲဆောင်မှုရှိသည့် မြောက်ဦးဒေသနှင့် ကမ်းရိုး တန်းဒေသများဖြစ်သော သံတွဲ၊ ငပလီစသည့်ဒေသ များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်း သတ်မှတ်ချက်များနှင့်အညီ ခရီးသွားများတိုးမြှင့် ဝင်ရောက်မည့် အလားအလာရှိသဖြင့် ကြိုတင် ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားရန် ညွှန်ကြားထား သည်နှင့်အညီ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်နေကြသည့် မြောက်ဦးဒေသနှင့် ငပလီအပန်းဖြေကမ်းခြေဒေသများ၌ လာမည့် ခရီးသွားရာသီအတွက် အဆင်သင့်ဖြစ်စေရေးနှင့် ယခင်နှစ် ခရီးသွားရာသီထက် ပိုမိုတိုးတက် ကောင်းမွန်ပြီး လုံခြုံမှုရှိအောင် ဆောင်ရွက်သွား စေလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ ဆောင်ရွက်နေမှုများ၊ ကော်မတီအတွင်းရေးမှူး ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးတင်ထွန်း အောင်က သက်ဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာ အမှာစာ များကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက ပြည်နယ်အတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့သည်။
တင်ထွန်း (ပြန်/ဆက်)