
နေပြည်တော် ဒီဇင်ဘာ ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ကျောက်ဖြူမြို့သို့ ရောက်ရှိကြပြီး ပြည်နယ်အစိုးရဧည့်ရိပ်သာ၌ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျောက်တစ်လုံး IDP စခန်းဖွင့်လှစ်ထားရှိ မှု၊ ပြောင်းရွှေ့ဆောက်လုပ်မည့်အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြောင်းရွှေ့နေရာ ချထားမည့်မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေး၍ (ယာပုံ) ဌာန ဆိုင်ရာများ၏ တင်ပြချက်၊ စခန်းနေသူများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး စခန်းနေသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ထို့နောက် အမ်းမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိကာ ဝန်ထမ်းများ၊ သင်တန်းသူများ နှင့် တွေ့ဆုံအမှာစကားပြောကြားပြီး သင်တန်းကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် တိုက်ပွဲရှောင်စခန်းနေပြည်သူများနှင့် အမ်းမြို့ရှိ မိုးလုံ လေလုံအားကစားခန်းမ၌ တွေ့ဆုံပြီး လတ်တလော ဆောင်ရွက်ပေးနိုင် မည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့က ယာယီခိုလှုံရာ စခန်း သုံးခု၊ စုရပ် လေးခုရှိ စုစုပေါင်း အိမ်ထောင်စု ၆၈၉ စု၊ လူဦးရေ ၃၁၉၈ ဦးတို့အတွက် တစ်လစာဆန် ၉၉၉ အိတ်ကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ပဲပဒုံ တိုက်ပွဲရှောင်စခန်းနေ ပြည်သူများအား သွားရောက်တွေ့ဆုံပြီး မိမိ နေရပ်သို့ အမြန်ဆုံး ပြန်လည်အခြေချနိုင်ရေးအတွက် လိုအပ်ချက်ရှိ သည်များကို အကောင်းဆုံး ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် အမ်းမြို့နယ် အမ်းတောင်ကျေးရွာအုပ်စုရှိ တိုက်ပွဲရှောင် စခန်း တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တောင်ကုတ်မြို့ရှိ ရွှေမေတ္တာဘိုးဘွားရိပ်သာနှင့် မဟော်သဓာ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ ရောက်ရှိပြီး အဘိုးအဘွား ၄၁ ဦးအတွက် လှူဒါန်းငွေများ၊ ကျောင်းသား ကျောင်းသူ များအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် သံတွဲမြို့သို့ရောက်ရှိပြီး ရွှေဆံတော်စေတီရင်ပြင်ပေါ်၌ ဓမ္မာရုံသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက် နံနက် ပိုင်းတွင် သံတွဲမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တို့သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီနှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီများအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းပေါင်းစပ် ဆွေးနွေးသည်။
၂၀၂၁ ခုနှစ် ဧပြီလမှ ယနေ့အထိ နယ်မြေတည်ငြိမ်အေးချမ်းမှု ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းနေ တိုင်းရင်းသား အိမ်ထောင်စု ၃၈၅၈ စု၊ လူဦးရေ ၁၆၇၁၇ ဦးတို့ကို မူလနေရပ်များသို့ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာများအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်