ရခိုင်ပြည်နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကျင်းပ

 

စစ်တွေ   ဖေဖော်ဝါရီ   ၇
ရခိုင်ပြည်နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက်   ၂၀၂၂  -  ၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် လူမှုရေးပင်စင်  ထောက်ပံ့ပေးအပ် ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ         နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ  (၁)   အပြည်ပြည် ဆိုင်ရာ      ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာသက်သက်ခိုင်၊   ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်၊  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်မှူး  ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့်  မြို့မိမြို့ဖများ၊ ပြည်နယ်အဆင့်    ဌာနဆိုင်ရာများ၊   ဖိတ်ကြားခံ ဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ထောက်ပံ့ရခြင်းနှင့် စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အိုများ၏ ဘဝ မြှင့်တင်ရေးနှင့်   စောင့်ရှောက်ရေးလုပ်ငန်းအဖြစ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင် ဖွင့်လှစ်ထားသည့် ဘိုးဘွားရိပ်သာများကို တည်ထောင် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊   နည်းပညာနှင့်  ငွေကြေး ထောက်ပံ့မှုပေးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ   အမျိုးသားအဆင့်  မဟာဗျူဟာစီမံချက် (၂၀၁၄)နှင့်    သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ (၂၀၁၆)အရ   သက်ကြီးရွယ်အိုများ  ဝင်ငွေလုံခြုံမှု ရရှိစေရေးအတွက်    အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့မှု အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေး နှစ်မှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ လက်ရှိမှာ အကျိုးခံစားခွင့်ရှိသူ ၂၃၂၇၀၃ ဦးကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်အနေဖြင့် ယခု တတိယ သုံးလပတ်ကာလ အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို ၁၄၂၉၄ ဦးရှိပြီး  ထောက်ပံ့မှုအနေဖြင့်   စုစုပေါင်း (ကျပ်သိန်းလေးထောင့်နှစ်ရာ   ရှစ်ဆယ့်ရှစ်သိန်း နှစ်သောင်းတိတိ)ကို       ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင်  ၂၀၁၄  ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ  သန်းခေါင်စာရင်းအရ  စုစုပေါင်း လူဦးရေ၏ ၈ ဒသမ ၉ ရာခိုင်နှုန်းသည် အသက် (၆၀) နှစ်နှင့်အထက်ဖြစ်ကြောင်း၊ ထိုလူဦးရေ အချိုးအစား ပြောင်းလဲလာမှုအပေါ်အခြေခံပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ အလားတူ သက်ကြီးရွယ်အို   ပြုစုစောင့်ရှောက်ရေးအတွက် မိသားစုအဆင့်နှင့်   ရပ်ရွာအဆင့်ကို   ပိုမိုခိုင်မာ အားကောင်းလာအောင်   ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သက်ကြီး ရွယ်အိုများသည် လေးစားထိုက်၊ ဂုဏ်ပြုထိုက်သူများ ဖြစ်ခြင်းကြောင့်      မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ကိုယ်စား လူမှုရေးပင်စင် ထောက်ပံ့ပေး ခြင်းသာမက သက်ကြီးရွယ်အိုများ၏  ဘဝလုံခြုံမှု ရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍  ၂၀၂၂ - ၂၀၂၃  ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွင်း ရခိုင်ပြည်နယ်ရှိ အသက် (၈၅)နှစ်အထက်    ဘိုးဘွား   ၁၄၂၉၄  ဦးအတွက် ထောက်ပံ့ကြေးငွေကျပ်      ၄၂၈၈၂၀၀၀၀     ကို ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်သက်ခိုင်က   ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်သည်။ (အပေါ်ပုံ)
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်  ဇနီးတို့က  အဘိုးအဘွားများအား လူမှုရေးပင်စင်နှင့် ထောက်ပံ့ပစ္စည်း၊ အဝတ်အထည် များကို    လက်ဝယ်အရောက်  ပေးအပ်ပြီး  အဘိုး အဘွားများအား   အာဟာရများ  ကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ 
အခမ်းအနားသို့   စစ်တွေမြို့နယ်မှ   သက်ကြီး အဘိုး ၅၅ ဦးနှင့် အဘွား ၆၅ ဦး  စုစုပေါင်း အဘိုး အဘွား  ၁၂၀  တက်ရောက်ကြကြောင်း သိရသည်။                    
   သတင်းစဉ်