ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၁၉၅၅၄၄ ဦးကို ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်လျာထား

 

စစ်တွေ    အောက်တိုဘာ   ၁၇


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော် မင်းသည် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊       ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ ၌ အသက်   ၁၂  နှစ်နှင့်အထက်    ကျောင်းသား ကျောင်းသူများအား ကိုဗစ် - ၁၉  ရောဂါ  ကာကွယ် ဆေးထိုးနှံနေမှုကို   လှည့်လည်ကြည့်ရှု    အားပေးကြသည်။ 

 


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့  ဘောလုံးကွင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌    အသက် ၁၂ နှစ်နှင့်အထက်  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉  ရောဂါ    ကာကွယ်ဆေးထိုးနှံနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ စစ်တွေမြို့ ဆတ်ရိုးကျ(ခ)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)နှင့် စစ်တွေမြို့ လမ်းသစ် ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်းတို့၌ အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား  ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုတို့ကို    သွားရောက်ကြည့်ရှုအားပေးကြ သည်။

 


ထိုသို့ လှည့်လည်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီး ချုပ်၊   ဒုတိယဝန်ကြီးနှင့်    တာဝန်ရှိသူများက ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများ အားတွေ့ဆုံပြီး အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်မည့်အခြေအနေ၊ ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာ   ပညာသင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုအခြေအနေ၊     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါဖြစ်ပွား မှုကို တားဆီးကာကွယ်နိုင်မည့်အခြေအနေ၊  မိဘ အုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ သားသမီး၊ တပည့်များ၏ ပညာရေးအခွင့်အလမ်း အတွက်    ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည့် အခြေအနေများကို  ရှင်းလင်းပြောကြားကြသည်။

 


 ရခိုင်ပြည်နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်    အလယ်တန်းအဆင့်မှာ ၁၅၄၃၇၂ ဦး၊ အထက်တန်းအဆင့်မှာ  ၄၁၁၇၂ ဦး၊ စုစုပေါင်း  ကျောင်းသား၊ ကျောင်းသူ ၁၉၅၅၄၄ ဦးကို ဆီနိုဗက် ကိုဗစ် -၁၉  ရောဂါကာကွယ်ဆေးကို ထိုးနှံ ပေးနိုင်ရန်လျာထားကြောင်း သိရသည်။


တင်ထွန်း
(ပြန်/ဆက်)