ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ ကျဆင်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်  ဇူလိုင်   ၂၈


ရခိုင်ပြည်နယ်အတွင်း မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် သံတွဲ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ် များအတွင်း ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ    နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများက ရေဘေးသင့်ပြည်သူ များကို    ကူညီကယ်ဆယ်ရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။

 


ထိုသို့  ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ရေများပြန်လည် ကျဆင်းသွားသဖြင့်    အဆိုပါ မြို့နယ်အသီးသီး၌      ရေကြီး နစ်မြုပ်ခဲ့သည့် ဆေးရုံများ၊ လမ်း များ၊    ရုံးအဆောက်အအုံများ၊ လူနေအိမ်များနှင့် စာသင်ကျောင်း များတွင်    တင်ကျန်ရစ်သည့် ရွှံ့နွံ များနှင့်  အမှိုက်များ   ဖယ်ရှား ရှင်းလင်းခြင်း၊          လူနာများ ရွှေ့ပြောင်းပေးခြင်း၊    စုပေါင်း သန့်ရှင်းရေး ပြုလုပ်ပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ      ဆောင်ရွက် ပေးကြပြီး         ရေဘေးသင့် ပြည်သူများကို    လိုအပ်သည့် ကျန်းမာရေး   စစ်ဆေးပေးခြင်း များ       ဆောင်ရွက်ပေးကာ       စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။

 


ထို့အပြင် သံတွဲမြို့ ဓားသွေး ကျောက်ရပ်ကွက်ရှိ  ရေဘေးသင့် ပြည်သူများကို  ဇူလိုင် ၂၇ ရက် တွင် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များက  စစ်တပ်ရော်ဘာ လှေ နှစ်စင်းဖြင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ   ဆောင်ရွက် ပေးသည်။   ယနေ့တွင်  ရေများ ပြန်လည်   ကျဆင်းသွားသဖြင့် သံတွဲမြို့အဝင် ဂွ-သံတွဲ ကားလမ်း ပေါ်၌     မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ   သွားလာ နိုင်ရေး၊ လမ်းချော်မှုဖြစ်ပွားခဲ့သည့် ရန်ကုန်- သံတွဲ   ပြေးဆွဲလျက် ရှိသည့် ရိုးမသစ္စာကုန်တင်ယာဉ် မှ      ကုန်ပစ္စည်းများ    သယ်ယူ ရွှေ့ပြောင်းပေးခြင်း နှင့် ယာဉ် ကြော ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်