ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဆက်လက်ကပြသီဆို

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဆက်လက်ကပြသီဆိုဖျော်ဖြေ

နေပြည်တော်    ဇွန်    ၁၅
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် ဒေသ များတွင်     ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်   နယ်မြေခံတပ်မတော်သားများ၊    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်း နွမ်းနယ်မှုများ   ပြေပျောက်စေရန်အတွက်   ယနေ့ ညနေပိုင်းတွင်    အနောက်ပိုင်းတိုင်း   စစ်ဌာနချုပ် စစ်တွေတပ်နယ်ရှိ             နယ်မြေခံတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး   (ကြည်း)၊     ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့် ပြည်သူ့ဆက်ဆံ ရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများက အဆို၊ အက များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထိုသို့    ဖျော်ဖြေတင်ဆက်ရာတွင်     စစ်သည်၊ စစ်သမီးများက    မြန်မာသံစဉ်    တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်း အဆို၊ အကများ၊ တေးသရုပ် ဖော်  အကများ၊  ရယ်ရွှင်ဖွယ်ရာ  ဟာသပြဇာတ်၊ ဒေသ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ ဗဟုသုတ  ဖြစ်ဖွယ်ရာအသိပညာပေး အစီအစဉ်များဖြင့် ကဏ္ဍ စုံလင်စွာ သီဆိုကပြဖျော်ဖြေကြရာ စစ်တွေတပ်နယ်မှ တပ်မတော်  အရာရှိကြီးများ၊  အရာရှိ၊   စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့်    မိသားစုဝင်များ     ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြသည်။    ထိုကဲ့သို့     သီဆိုကပြ ဖျော်ဖြေသော စစ်သည်၊ စစ်သမီးများအား တပ်နယ်မှ တာဝန်ရှိသူများက  ဆုငွေများ  ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်