ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ပုံမှန်ညှိနှိုင်းအစည်းအဝေးပြုလုပ်

 

နေပြည်တော်   ဩဂုတ်   ၅


ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်ရေး ဆိုင်ရာ ပုံမှန်ညှိနှိုင်းအစည်းအဝေး ကို  ယနေ့တွင်   ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး      ဧည့်ခန်းမ၌ ပြုလုပ်ရာ   ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ    အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း  စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာ     တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က       အမှာစကား ပြောကြားသည်။    ထို့နောက် တက်ရောက်   လာကြသူများက ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက် နေသည့်   ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊  ထိန်းချုပ်၊   ကုသရေး လုပ်ငန်းများနှင့်     ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ  ပြည်နယ် ဝန်ကြီးချုပ်နှင့်   တိုင်းမှူးတို့က လိုအပ်သည်များ   ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း     သတင်းရရှိ သည်။                    

 

 သတင်းစဉ်