
စစ်တွေ စက်တင်ဘာ ၄
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်း က ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ပတ်လမ်း ၃ ဒသမ ၈၂၂ ကီလိုမီတာအား ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
သွားရောက်ကြည့်ရှု
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်း ကြီးကျေးရွာတွင်း လမ်းအရှည် ၈၃၅ ပေ၊ အကျယ် ရှစ်ပေ၊ အမြင့် ခြောက်လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင် ရွက်မှုကို လည်းကောင်း၊ ပဒေသာကျေးရွာ တွင် မွေးမြူရေးလုပ်ငန်းရှင် ဦးစံကျော်လှ၏ နို့စားနွားမွေးမြူရေးခြံကို လည်းကောင်း၊ တောင်သူခုနစ်ဦး၏ လယ်ဧက ၂၅ ဧကတွင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောနှောထည့်သွင်း စံပြစိုက်ခင်းကို လည်း ကောင်း၊ ကွမ်းတောင်ကျေးရွာတွင်းလမ်း ကျောက်ချောခင်းခြင်း အရှည်ပေ ၅၉၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မနှင့် လမ်းပေါ်တွင် ရေနုတ်ပြွန်တံတားငယ် ခြောက်စင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု တို့ကို လည်းကောင်း သွားရောက်ကြည့်ရှု ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)