ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု

 

စစ်တွေ  စက်တင်ဘာ  ၄


ရခိုင်ပြည်နယ်        ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်  ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ် ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း က  စစ်တွေခရိုင်  ပုဏ္ဏားကျွန်းမြို့နယ်အတွင်း     စိုက်ပျိုးရေး၊  မွေးမြူရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှု   ရာနှုန်းပြည့်ဆောင်ရွက် နိုင်ရေး   ကွင်းဆင်းကြည့်ရှုကြသည်။


ရှေးဦးစွာ  ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်   ပုဏ္ဏားကျွန်း မြို့နယ်စက်မှုဇုန်ပတ်လမ်း   ၃ ဒသမ   ၈၂၂   ကီလိုမီတာကို ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့  ခွင့်ပြုရန်ပုံငွေကျပ်  ၆၈၆  ဒသမ ၅၃၆ သန်းဖြင့်  ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို    သွားရောက် ကြည့်ရှု      စစ်ဆေးကြသည်။ စက်မှုဇုန်ပတ် လမ်းမှာ  ၆ ဒသမ ၄၃၇     ကီလိုမီတာ    ရှည်ပြီး   လက်ရှိတွင် အလျား ၃ ဒသမ ၈၂၂ ကီလိုမီတာကို အကျယ် ၃ ဒသမ ၆၆ မီတာ၊ အမြင့် ၁၇၅ မီလီမီတာ  ကွန်ကရစ်ခင်းခြင်း ဆောင်ရွက် နေပြီး     လုပ်ငန်းအားလုံး၏ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။


ဆက်လက်၍      ပြည်နယ် ဝန်ကြီးချုပ်နှင့်       အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ်   ပဒေသာ ကျေးရွာတွင် မွေးမြူရေးလုပ်ငန်း ရှင်   ဦးစံကျော်လှ၏  နို့စားနွား မွေးမြူရေးခြံသို့    သွားရောက် ကြည့်ရှုအားပေးကြပြီး မွေးမြူရေးလုပ်ငန်းရှင်က   နွားမွေးမြူရေးနှင့်   ဆက်စပ်ပြီး     စိုက်ပျိုးရေး        လုပ်ငန်းများ    ဆောင်ရွက်ထားရှိမှု၊    နို့ထွက်ရှိမှု အခြေအနေ၊  ဈေးကွက်အတွင်း တင်ပို့ရောင်းချမှုနှင့်  နွားစာများ   ရရှိမှုအခြေအနေတို့ကို  ရှင်းလင်း တင်ပြရာ     ပြည်နယ်ဝန်ကြီးချုပ် နှင့်   တိုင်းမှူးတို့က လိုအပ်သည် များကို  ပေါင်းစပ်ညှိနှိုင်းပေးကြ သည်။ 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    ပဒေသာ ကျေးရွာအုပ်စု၊  ပဒေသာကျေးရွာ တွင် တောင်သူ ခုနစ်ဦး၏  လယ် ဧက ၂၅ ဧကတွင် ဓာတ်မြေဩဇာ နှင့် သဘာဝမြေဩဇာ ရောနှော ထည့်သွင်း       စံပြစိုက်ခင်းကို  သွားရောက်  ကြည့်ရှုအားပေး ကြပြီး တောင်သူများနှင့် တွေ့ဆုံ သည်။


တွေ့ဆုံစဉ်  တောင်သူများက စိုက်ခင်းအတွင်း သွင်းအားစုအဖြစ် ထည့်သွင်းရန်   ဓာတ်မြေဩဇာ လိုအပ်မှု အခြေအနေတို့ကို တင်ပြ ကြရာ   ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က      သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်      ပေါင်းစပ် ညှိနှိုင်းပေးကြသည်။ 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    ပုဏ္ဏားကျွန်း မြို့နယ် ကွမ်းတောင်ကျေးရွာတွင်  ကျေးလက်  ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ    ကမ္ဘာ့ဘဏ် ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း    (CDD) ကျေးရွာတွင်းလမ်း ကျောက်ချော ခင်းခြင်း   အရှည် ပေ ၅၉၀၀ ၊ အကျယ် ၁၂ပေ၊ အမြင့် ကိုးလက်မ နှင့်  လမ်းပေါ်တွင်   ရေနုတ်ပြွန် တံတားငယ်    ခြောက်စင်းတို့ကို စီမံကိန်း  ထောက်ပံ့ငွေကျပ် ၉၇ ဒသမ ၁၇ သန်းဖြင့်    လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့ကို သွား ရောက်ကြည့်ရှုကြောင်း    သိရ သည်။      

တင်ထွန်း(ပြန်/ဆက်)