
နေပြည်တော် ဇူလိုင် ၁၅
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန် ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ရခိုင် ပြည်နယ် ကျောက်ဖြူမြို့၌ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးသည် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကျောက်ဖြူ ပညာရေးဒီဂရီ ကောလိပ်နှင့် ဂုံးချွိန်ကျေးရွာအုပ်စု ရှိ ရှေးဟောင်းသမိုင်းဝင် ကျောက် တစ်လုံးဘုရားတို့၌ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် သင်တန်းသား သင်တန်းသူများ စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး ကျောက်တစ်လုံး မဟာဗောဓိ တပ်ဦးကျောင်း ပရိယတ္တိစာသင် တိုက်ဆရာတော် ဘဒ္ဒန္တ ပညာ ဘာသအား ဖူးမြော်ကြည်ညို ၍ စားသောက်ဖွယ်ရာများ နှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
အလားတူ ဘူးသီးတောင်မြို့၌ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံ ဝင်း အတွင်း/အပြင်၌ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူလူထုများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုများကို သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး ဆေးရုံဝင်းအတွင်း၌ ဆောက်လုပ် ထားရှိသည့် Oxygen စက်ရုံသို့ သွားရောက်ကြည့်ရှုရာ စက်ရုံ လည်ပတ်နေမှု အခြေအနေများ အား တာဝန်ရှိသူများက ရှင်းလင်း တင်ပြရာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ချင်းပြည်နယ် ပလက်ဝမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် နေဝင်းအောင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ နယ်မြေခံ တပ်မတော်သားများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှု ကို သွားရောက်ကြည့်ရှုအားပေး ပြီး သဇင်ခန်းမ၌ ပြုလုပ်သော ပလက်ဝ-ဇိုရမ်ပူ လမ်းစီမံကိန်း ကုမ္ပဏီအဖွဲ့များမှ ထောက်ပံ့သည့် ကျောင်းဝတ်စုံထောက်ပံ့ပေးအပ် ပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။ ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု လက်မှု အထက်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသားများ စာသင်ကြားနေမှုများကို သွား ရောက်ကြည့်ရှုအားပေးပြီး(အပေါ် ယာပုံ) တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ စစ်တွေမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည် နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြန်လည် ထူထောင်ရေး ကိစ္စရပ်များနှင့် မြို့သန့်ရှင်းသာယာလှပရေးတို့ အတွက် ဆွေးနွေးကြပြီး တာဝန် ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကျောက်တော်မြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ပြုလုပ်သည့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများ အား ပညာရည်ချွန်ဆုပေးပွဲသို့ တက်ရောက်၍ ကျောင်းသား ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာ စကားပြောကြားသည်။
အလားတူ ရမ်းဗြဲမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဇော်မင်းအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ် ပြည်သူ့ဆေးရုံဝင်း အတွင်း၌ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများ ကို သွားရောက်ကြည့်ရှုအားပေး ပြီး ဆေးရုံတက် ရောက်နေသည့် လူနာများအတွက် တစ်နေ့တာ အာဟာရအလှူငွေ များကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့အတူ မောင်တောမြို့၌ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးခဲ့သော ကျေးရွာများ၌ မျိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။ ယင်းနောက် ကညင် တန်းရပ်ကွက်ရှိ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး အတွင်းရှိ ထောက်ပံ့ပစ္စည်းများ သိုလှောင်ရုံအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ ပစ္စည်းများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားကာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ် သစ်တောဦးစီးဌာနမှ နတ်မြစ်အနီး ကမ်းနားလမ်း တစ်လျှောက် ဒီရေတောများ ပိုမိုများပြားလာစေရန်နှင့် လေ ဒဏ်၊ လှိုင်းဒဏ်ပိုမိုကာကွယ်နိုင်စေရန် တက်ချောင်းနှင့် နတ်မြစ်ဝ ဆုံရာ ကမ်းနားလမ်းတစ်လျှောက် ၌ သမဲ့၊ သမဲ့ကြီးနှင့် သမဲ့ကြက် တက်ပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်