
နေပြည်တော် ဇူလိုင် ၁၃
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသ အလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ် တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့၌ ရောက်ရှိနေ သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင် ကွင်း၌ ဒေသခံပြည်သူများအား ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်ချပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
အလားတူ ဘူးသီးတောင်မြို့၌ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ် ကြီး အေးဝင်း သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဦးဥတ္တမခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု ၁၉ စုတို့ရှိ လေဘေးသင့်ဒေသခံပြည်သူများအား ဒုတိယအကြိမ် စားသောက်ကုန်ပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများအား တာဝန်ရှိ သူများထံ ထောက်ပံ့ပေးအပ်ပြီး တပ်မတော်ဆေးရုံ ခုတင် (၅၀) ၌ တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးကာ ဆေးရုံအတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့ပြင် ဘူးသီးတောင်တပ်နယ် ရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ နှင့် မိဘများအား ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့ပြီး အားပေးစကား ပြောကြားသည်။ ထို့နောက် ၆၆ KV ဓာတ်အားရုံ၌ ဓာတ်အားလိုင်း လက်ခံရရှိမှုနှင့် လျှပ်စစ်မီးများ ဆက်လက်ဖြန့်ဖြူး ပေးရေးအတွက် ဆောင်ရွက်နေမှုများအား သွား ရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။
အလားတူ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိ နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးချုပ် အောင်ကျော်မိုး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရွာသစ်ကေကျေးရွာနှင့် ကံ့ကော်ကျွန်းကျေးရွာများရှိ စပါးစိုက်တောင်သူ များ၏ လယ်ယာများတွင် GW-11 မျိုးစပါးများ ပျိုးထောင်စိုက်ပျိုးနေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး အမြင့်ကျွန်းကျေးရွာနှင့် ချီလည်ပင် ကျေးရွာများရှိ ဒေသခံပြည်သူများအား စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် သည်။ (အောက်ဝဲပုံ)
ထို့အတူ ကျောက်တော်မြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦး သည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ဌာနဆိုင်ရာများအား ဆန်၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
အလားတူ မာန်အောင်မြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်စု ငါးအုပ်စုမှ တောင်သူများအား မျိုးစေ့ အမယ်ပေါင်း ၂၈ မျိုး၊ စုစုပေါင်း မျိုးစေ့ထုပ် ၁၇၅၈ ထုပ်အား ထောက်ပံ့ ပေးအပ်သည်။
ထို့အတူ မောင်တောမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ သည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ လေဘေးသင့်ကျေးရွာ ငါးရွာအား ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ပြီး သရေကုန်းဘောင်ကျေးရွာရှိ တောင်သူများ၏ ပေါ်ဆန်းရင်မျိုးစပါး ပျိုးထောင် ထားရှိမှုနှင့် မြေပြုပြင် ထွန်ယက်နေမှုများအား သွားရောက်ကြည့်ရှုသည်။ ထို့ပြင် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ၌ ဓာတ်အား လိုင်း လက်ခံရရှိမှုနှင့် လျှပ်စစ်မီးများ ဆက်လက် ဖြန့်ဖြူးပေးရေးအတွက် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်