ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း  (မိုခါ)   တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်   ဒေသများကို    သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ  ၁၁   အရ သဘာဝဘေးအန္တရာယ်ကျရောက်သော   ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာ ချက်များပါ ဒေသများတွင်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ    ဆောင်ရွက်နိုင်ရန်    ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။


ထိုသို့     ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်   ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင်   ရခိုင်ပြည်နယ်   ကျောက်ဖြူမြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး  လူအေးသည်  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ        ဂုံးချွိန်ဘုန်းတော်ကြီးကျောင်းရှိ    ဆရာတော်    ဘဒ္ဒန္တခေမာစာရအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်းကာ ဒေသခံပြည်သူများ အား      ကျန်းမာရေးစောင့်ရှောက်နေမှုများကို သွားရောက်ကြည့်ရှုပြီး ရေသန့်ဘူးများ၊ စားသောက် ကုန်ပစ္စည်းများနှင့် တိုင်းရင်းဆေးမျိုးစုံကို ပေးအပ် လှူဒါန်းကာ အားပေးစကားများပြောကြားခဲ့သည်။ 


အလားတူ    ရခိုင်ပြည်နယ်   ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ     အလယ်ချောင်းကျေးရွာ အုပ်စု  အခြေခံပညာမူလတန်း  (လွန်) ကျောင်း၌ လေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင် ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို (ဒုတိယ)  အကြိမ်အဖြစ်    ထောက်ပံ့ပေးအပ်ကာ အားပေးစကားများပြောကြားပြီး     ကျန်းမာရေး စောင့်ရှောက်နေမှုများကို    သွားရောက်ကြည့်ရှုခဲ့ သည်။ ထို့ပြင် မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးသွား သည့် စာသင်ကျောင်းဆောင်များ ပြုပြင်ဆောင်ရွက် ပြီးစီးမှုကို     ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ကျောင်း သား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနေမှုကို သွားရောက်ကြည့်ရှုပြီးစားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။ 


ထို့အတူ မတူပီမြို့၌ ရောက်ရှိနေသော ဗိုလ်မှူး ချုပ် ခင်မောင်အေးနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ သည်  နယ်မြေခံတပ်နယ်ခန်းမ၌ လေဘေးသင့် ပြည်သူများထံ    အဝတ်အထည်မျိုးစုံနှင့်    အသုံး အဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
အလားတူ ပုဏ္ဏားကျွန်းမြို့၌  ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ    မြို့မပရိယတ္တိဘုန်းတော်ကြီး ကျောင်း၊ ရွှေတောင်တန်းဘုန်းတော်ကြီး ကျောင်းနှင့် ခေမာရာမပရဟိတ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍   ဆရာတော်ကြီးများအား   ဖူးမြော် ကြည်ညိုကန်တော့ပြီး    သံဃာတော်များအတွက် သင်္ကန်းစုံများ၊ စားသောက်ကုန်ပစ္စည်းများနှင့် အသုံး အဆောင်ပစ္စည်းများ     ဆက်ကပ်လှူဒါန်းပေးခဲ့ သည်။


ထို့အတူ မောင်တောမြို့၌    ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  သာသနာ့ဗိမာန်တော်ကြီးတွင် ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု များကို ကြည့်ရှုအားပေးပြီး  အာဟာရ ဖြည့်စွက်စာများ   ထောက်ပံ့ပေးအပ်ကာ    မုန်တိုင်း ဒဏ်ကြောင့် လေဘေးသင့်ခဲ့သော  ဘုန်းတော်ကြီး ကျောင်းများသို့   သွားရောက်၍     ကျောင်းထိုင်ဆရာ တော်များအား ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် အခြားလှူဖွယ်ပစ္စည်းများ     ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်