
နေပြည်တော် ဇွန် ၂၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်း မုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက် သော ဒေသများအဖြစ် ကြေညာ ချက်များ ထုတ်ပြန်၍ ယင်း ကြေညာချက်များပါ ဒေသများ တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိ ကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ရခိုင်ပြည် နယ် ဘူးသီးတောင်မြို့၌ ရောက်ရှိ နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြို့လယ်ချောင်း တစ်လျှောက် တိမ်ကောပိတ်ဆို့ နေသော အမှိုက်များ၊ ဗေဒါပင်များ၊ ပေါင်းပင်များဖြင့် ပိတ်ဆို့နေသော နေရာများအား ကူညီကယ်ဆယ် ရေး အဖွဲ့များက စက်ယန္တရားများ ဖြင့် ရှင်းလင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။ ထို့ပြင် စစ်တွေမြို့ မှ ပေးပို့လာသည့် လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ ပစ္စည်းများ ရောက်ရှိလာမှုနှင့် မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံး သူရေးရာဦးစီးဌာန ဂိုဒေါင်၌ ပစ္စည်းများ လက်ခံနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။ ယင်းနောက် စူပါနှံကောက် မျိုးစပါးနှင့် GW- 11 မျိုးစပါးများ မော်တော်ယာဉ်များဖြင့် ရောက်ရှိ လာမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်သည့် မျိုးစပါးများ တောင်သူများထံသို့ ထောက်ပံ့ပေး အပ်ပွဲတက်ရောက်၍ မျိုးစပါး အိတ် ၁၃၅ တင်းအား ကျေးရွာအုပ်စု သုံးအုပ်စုမှ တောင်သူများ လက်ဝယ်သို့ ဖြန့်ဝေပေးသည်။
အလားတူ ရသေ့တောင်မြို့၌ ရောက်ရှိနေသော ဗိုလ်ချုပ် အောင်မျိုးထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ကျောက်တန်းတိုက်နယ်၊ လောင်း ချောင်းတိုက်နယ်နှင့် စေတီပြင် တိုက်နယ်အတွင်းရှိ လေဘေးသင့် ပြည်သူများအတွက် ဆန်များ ထောက်ပံ့ပေးအပ်ရာ မုန်တိုင်း ဒဏ်သင့်ပြည်သူများ ကိုယ်စား ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူကြသည်။
ထို့အတူ စစ်တွေမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဆပ်ရိုး ကျရပ်ကွက်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ အိမ်မိုးသွပ်ပြား များ ထောက်ပံ့ပေးအပ်သည်။
အလားတူ ရမ်းဗြဲမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဇော်မင်းအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရမ်းဗြဲ မြို့ အောင်ဓမ္မဗိမာန်ဓမ္မာရုံ၌ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ကြည့် ရှုအားပေးပြီး တိုင်းရင်းဆေးများ နှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်လှူဒါန်းသည်။
ထို့အတူ မောင်တောမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မောရဝတီ ကျေးရွာသို့ ရောက်ရှိလာသည့် မျိုးစပါးများအား ကြည့်ရှုစစ်ဆေး ပြီး မုန်တိုင်းဒဏ်ကြောင့် မျိုးစပါး များ ပျက်စီးခဲ့သည့် ကိုင်းကြီး ကျေးရွာ၊ မောရဝတီကျေးရွာ နှင့် ဥဒေါင်းကျေးရွာတို့မှ တောင်သူ ၃၅ ဦးတို့ကို GW- 11 မျိုးစပါးနှင့် နှံကောက်မျိုးစပါး စုစုပေါင်း တင်း ၁၀၀ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။ (ဝဲပုံ)
သတင်းစဉ်