ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   ဇွန်   ၁၇
နိုင်ငံတော်      စီမံအုပ်ချုပ်ရေး  ကောင်စီအနေဖြင့်   ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ ကို     သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ     သဘာဝဘေးအန္တရာယ် ကျရောက်သော   ဒေသများအဖြစ် ကြေညာချက်များ    ထုတ်ပြန်၍ ယင်းကြေညာချက်များပါ  ဒေသ များတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ  ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိ ကြီးများကို    ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ      ဆောင်ရွက်ရန် အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရာ ယနေ့တွင်  ကျောက်ဖြူ မြို့၌  ရောက်ရှိနေသည့် ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးနှင့်  တာဝန် ရှိသူများသည် ဌာနဆိုင်ရာ ဝန်ထမ်း များနှင့်အတူ      ကျောက်ဖြူမြို့ အဝင်  ပင်လယ်ကမ်းခြေနေရာသို့ သွားရောက်၍  ကမ်းခြေသာယာ လှပရေး     စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများကို       ကြည့်ရှု အားပေးသည်။


အလားတူ ဘူးသီးတောင်မြို့၌ရောက်ရှိနေသည့်    ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်း    သည် ဌာနဆိုင်ရာ   တာဝန်ရှိသူများနှင့် အတူ        ဘူးသီးတောင်မြို့နယ် အတွင်းရှိ ရပ်ကွက်များနှင့် စာသင် ကျောင်းများအား သန့်ရှင်းသာယာ လှပရေး၊  အမှိုက်ရှင်းလင်းခြင်း၊ သစ်ပင်၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်များ     သယ်ယူနေခြင်း၊    ရေမြောင်းများရှိ    အမှိုက်များ    ရှင်းလင်းခြင်းများကို သွားရောက် ကြည့်ရှုအားပေးသည်။   ထို့ပြင်  ငကျဉ်တောက်    ကျေးရွာအုပ်စု    အခြေခံပညာ     အလယ်တန်း ကျောင်း(ခွဲ)     ငကျဉ်တောက် ကျောင်း၌ နယ်လှည့်ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးနေမှု များကို     သွားရောက်ကြည့်ရှု အားပေးသည်။ (ဝဲပုံ)
ထို့အတူ သံတွဲမြို့၌ ရောက်ရှိ နေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်  စိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည်     သံတွဲ  ခရိုင် ပြည်သူ့ဆေးရုံခြံဝင်းအတွင်း  ရှိ ချုံနွယ်သစ်ပင်များ၊   မြက်များ ကို        ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သာသနာ့ဗိမာန်၊    မြို့မဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနှင့် ငပလီ လမ်းရှိ  အခြေခံပညာမူလတန်း ကျောင်းတို့တွင်     သွေးလွန်တုပ် ကွေးရောဂါကာကွယ်ရေး ဆေးဖျန်း ခြင်းများကို   လှည့်လည်ကြည့်ရှု အားပေးသည်။
အလားတူ  ရသေ့တောင်မြို့၌ ရောက်ရှိနေသည့်   ကာကွယ်ရေး ဦးစီးချုပ်ရုံး   (ကြည်း)မှ ဗိုလ်ချုပ် အောင်မျိုးထွန်းနှင့်  တာဝန်ရှိသူ များသည်    မြို့ပေါ်ရှိ   အခြေခံ ပညာ   အထက်တန်းကျောင်းများ ၌    မြက်နှင့်  ချုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်း၊     အမှိုက်ကောက် ခြင်း၊      အမှိုက်သရိုက်များကို အမှိုက်သိမ်းကားများဖြင့် လိုက်လံ သိမ်းဆည်းခြင်း၊   သတ်မှတ်နေရာ ၌ စွန့်ပစ်ခြင်း၊   မီးရှို့ခြင်းများကို  ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည် များ   ဖြည့်ဆည်းဆောင်ရွက်ပေး သည်။  
ထို့အတူ ချင်းပြည်နယ် မတူပီ မြို့၌ ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူး  ချုပ်   ခင်မောင်အေးနှင့်   တာဝန် ရှိသူများသည်           ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ   တပ်နယ် ခန်းမ၌     သဘာဝဘေးဒဏ်သင့် အိမ်ထောင်စုများအတွက်    ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်