ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဇွန်  ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)   တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို   သဘာဝဘေး အန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုဥပဒေပုဒ်မ  ၁၁  အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာ ချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ   ဆောင်ရွက်နိုင်ရန်   ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။
ထိုသို့    ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထား ရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မင်းပြင်ဝန်ထမ်းအိမ်ရာရှိ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ၎င်းတို့၏မိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို   သွားရောက်ကြည့်ရှု အားပေးပြီး   စားသောက်ဖွယ်ရာများ    ထောက်ပံ့ ပေးအပ်ကာ မုန်းတိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးများ ပြင်ဆင်ပြီးစီးမှုအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။    ယင်းနောက်      သန်ပန်ချောင်း ရပ်ကွက်ရှိ     မြို့ရေနုတ်မြောင်းများ    ရေစီးရေလာ ကောင်းမွန်စေရေးအတွက်  ရေထွက်ပေါက်ပြန်လည် ပြုပြင်မည့်နေရာအား   ကြည့်ရှုစစ်ဆေးပြီး   လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။(အောက်ပုံ)
အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ခြောက်စုတို့မှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ရန် ကျေးရွာကိုယ်စားလှယ်များအား   စားသုံးသူရေးရာ ဂိုဒေါင်မှ   ထောက်ပံ့ပစ္စည်းများ   ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှု    စစ်ဆေးသည်။  (အ‌ပေါ်ပုံ)  ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌  ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်တွေ့ဆုံပြီး ရပ်ကွက်များ၊ ဈေးများနှင့် အခြေခံ ပညာကျောင်းများ         သန့်ရှင်းသာယာလှပစေရေး   ဆောင်ရွက်ကြရန်    မှာကြားသည်။   ၎င်းနောက်   အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့်   ဘုန်းတော် ကြီးကျောင်းခြောက်ကျောင်းအတွက် ပြန်လည်ပြုပြင် ရန်လိုအပ် သော အမိုးသွပ်များ၊  ဆွမ်းဆန်တော်များနှင့်   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်း ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းများသို့  လှူဒါန်း သော နဝကမ္မအလှူတော်ငွေများအား ကျောင်းထိုင် ဆရာ တော်များထံ    သွားရောက်ဆက်ကပ်   လှူဒါန်း သည်။
ထို့အတူ ရခိုင်ပြည်နယ် မြေပုံမြို့သို့ ရောက်ရှိနေ သော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေး ကော်မတီနှင့် အလှူရှင်များထောက်ပံ့သည့် ကုလား တန် (၅) သင်္ဘောဖြင့်   ထပ်မံရောက်ရှိလာသည့် ထောက်ပံ့ပစ္စည်း  ခြောက်မျိုးအား   လေဘေးသင့် ပြည်သူများထံသို့ မြန်မြန်ဆန်ဆန် ဖြန့်ဝေပေးနိုင်ရေး အစည်းအဝေးကို   မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာ၌ပြုလုပ်ရာ သက်ဆိုင်ရာတာဝန် ရှိသူများ၏ တင်ပြဆွေးနွေးချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ရောက်ရှိ နေသော ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန် ၈ ရက်တွင် မြောက်ဦး မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း  သုံးကျောင်းသို့ သွားရောက်၍ သွပ်သံနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်