
နေပြည်တော် ဇူလိုင် ၂၁
ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီး ဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ရခိုင် ပြည်နယ် ဘူးသီးတောင်မြို့၌ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဆန်နှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေရေး၊ မြို့သန့်ရှင်းသာယာ လှပရေး၊ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရေး၊ ခြင်ဆေးဖျန်းခြင်း၊ မိုးစပါး အချိန်မီ ထွန်ယက် စိုက်ပျိုးနိုင်ရေးနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းနိုင်ရေး ကိစ္စများနှင့် ပတ်သက်၍ဆွေးနွေးပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ရွာမကျေးရွာအုပ်စု ရွာမအမှိုက်ကွင်းနေရာသို့ သွား ရောက်ပြီး ဘူးသီးတောင် - တောင် ဘဇာလမ်းဘေး၌ ပိတ်ဆို့နေသော အမှိုက်များအား စက်ယန္တရားများ ဖြင့် ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
အလားတူ စစ်တွေမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပျားလည် ချောင်းကျေးရွာရှိ စပါးစိုက် တောင်သူတစ်ဦး၏ လယ်မြေ ငါးဧကတွင် Gw -11 မျိုးစပါးများ ကို ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနေမှုများကို သွားရာက် ကြည့်ရှုစစ်ဆေးပြီး (ဝဲပုံ) လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။ ယင်းနောက် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ မြို့နယ် အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြီး လိုအပ်သည်များ မှာကြားသည်။
ထို့အတူ ကျောက်တော်မြို့၌ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးခန်းမ၌ ပြုလုပ်သော မော်တော်ယာဉ် ဂိတ်မှူးများ တွေ့ဆုံပွဲသို့ တက်ရောက်အမှာ စကားပြောကြားပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။ ယင်းနောက် ကစ္ဆပသီရိ ကားဝင်းအတွင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးသည်။
အလားတူ မောင်တောမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည့် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်သော ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်