ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   ဇူလိုင်    ၁၂


ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ    ဆောင်ရွက်နိုင်ရန်    ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။
ထိုသို့      ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်   ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့၌ ရောက်ရှိနေ သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးသည်  ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ အရာရှိရပ်ကွက်၊ ငလပွေ့လမ်းသစ် ရှိ    ရွှေနံ့သာပရိယတ္တိစာသင်တိုက်   ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပညာသာရအား သွားရောက် ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆန်၊ ဆီနှင့်  စားသောက်ဖွယ်ရာများ  ဆက်ကပ်လှူဒါန်း သည်။ ထို့နောက် ဆရာတော်ကြီးနှင့် အဆိုပါကျောင်း တိုက်ရှိ သံဃာတော်များအား နယ်မြေခံဆေးကုသရေး အဖွဲ့က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်ပေး နေမှုများကို   ကြည့်ရှုအားပေးသည်။   ယင်းနောက် ခရေပင်လမ်းခွဲရှိ     ဇယျသုခသီလရှင်ကျောင်းသို့ သွားရောက်ပြီး သာသနာ့နွယ်ဝင် သီလရှင်ဆရာလေး များအား ဝတ္ထုငွေ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းသည်။
အလားတူ  ရခိုင်ပြည်နယ်  ဘူးသီးတောင်မြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကုလားတန်(၄)ရေယာဉ်ဖြင့် သယ်ဆောင်ရောက်ရှိလာသည့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ထောက်ပံ့ပေးအပ်သည့်  စားသောက်ဖွယ်ရာ များအား မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာဂိုဒေါင်အတွင်းသို့ စနစ်တကျသယ်ဆောင်ထားရှိမှု များကို  ကြည့်ရှုစစ်ဆေးပြီး(အပေါ်ယာပုံ)  လေဘေး သင့်ပြည်သူများလက်ဝယ်သို့ ဖြန့်ဝေပေးနိုင်ရေးနှင့် ပတ်သက်၍    လိုအပ်သည်များ    မှာကြားသည်။ ယင်းနောက် ဘူးသီးတောင်မြို့နယ်   ပြည်သူ့ဆေးရုံသို့   သွားရောက်ပြီး  ဆေးကုသမှုခံယူနေသူများ  ကြည့်ရှု အားပေးစကား      ပြောကြားကာ        အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။  ထို့နောက် ဓာတ်ခွဲခန်းရှိ  CP Auto Testi Lipit Profile Test Liver Function Test CPR B/C/HIV Test ဓာတ်ခွဲ စက်ပစ္စည်းများဖြင့် ဓာတ်ခွဲဆောင်ရွက်ပေးနေမှုများ ကို လေ့လာကြည့်ရှုပြီး ဆေးရုံဝင်းအတွင်း လှည့်လည် ကြည့်ရှုကာ  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။ ထို့ပြင် ဦးဥတ္တမခန်းမရှေ့၌ MEC မြန်မာ့စီးပွား ရေးကော်ပိုရေးရှင်းနှင့်  မြန်မာ့စီးပွားရေးဦးပိုင် အများ နှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ စက်ရုံထုတ် ပစ္စည်းများဖြစ်သည့် ဆောက်လုပ်ရေးပစ္စည်းများနှင့်  စားသောက်ကုန်ပစ္စည်းများ ပြည်သူများသို့ ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးနေမှုနှင့် ပြည်သူလူထုက အားပေးဝယ်ယူနေမှုများကို   သွားရောက်ကြည့်ရှု အားပေးသည်။
ထို့အတူ    မြောက်ဦးမြို့၌    ရောက်ရှိနေသော ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး     အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့ များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။     ယင်းနောက်    ကျေးရွာအုပ်စု ၂၂ အုပ်စုတို့အတွက် မျိုးစပါး ၂၄၀၂ တင်းနှင့် မျိုးစေ့ ၁၉ မျိုးပါ မျိုးစေ့ထုပ် ၂၀၀၆ ထုပ်တို့ကို ရွာဟောင်း တောကျေးရွာအုပ်စု၊ ချောင်းသစ်ကျေးရွာအုပ်စုနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အား ထောက်ပံ့ပေးအပ်သည်။ အလားတူ ကျောက်တော်မြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည်  ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ မြို့မမှန်ကျောင်းတိုက်သို့ သွားရောက် ၍    မြို့နယ်သဘာဝဘေးအန္တရာယ်    စီမံခန့်ခွဲမှု ကော်မတီဦးဆောင်မှုဖြင့်ပြုလုပ်သည့် သဘာဝဘေး ဒဏ်ကြောင့်  ဘုန်းတော်ကြီးကျောင်းများရှိ  ဆရာ တော်၊ သံဃာတော်များ ဆွမ်းကိစ္စအဆင်ပြေစေရေး ဆွမ်းဆန်တော်    လှူဒါန်းပွဲသို့    တက်ရောက်ကာ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းမှ ဆရာတော်၊ သံဃာတော်များအတွက်   ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများ   ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။                    

သတင်းစဉ်