ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   ဇွန်   ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေး     ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း  (မိုခါ)  တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို   သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ  ၁၁   အရ သဘာဝဘေးအန္တရာယ်   ကျရောက်သောဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာ ချက်များပါ ဒေသများတွင်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ   ဆောင်ရွက်နိုင်ရန်   ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို    ခန့်အပ်တာဝန် ပေးထားပြီးဖြစ်သည်။
ထိုသို့    ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်   ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ၌  ရောက်ရှိနေသော   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)  မှ   ဒုတိယဗိုလ်ချုပ်ကြီး    အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ      မြို့သစ်ရပ်ကွက်ရှိ ဦးဥတ္တမခန်းမ၌ ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာ အုပ်စုများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လေဘေး သင့်ပြည်သူများအတွက် ဆောင်ရွက်ထားရှိမှုအခြေ အနေများ၊  ဘုန်းတော်ကြီးကျောင်းများ၊   စာသင် ကျောင်းများနှင့်   ကျန်းမာရေးအဆောက်အဦများ ပြင်ဆင်ပြီးစီးမှု၊  Cyclone  Shelter   ဆောက်လုပ် ထားရှိမှုနှင့် ဆောက်လုပ်ရန်သင့်တော်သည့် မြေနေရာ ရွေးချယ်ရေး၊   မိုးစပါးအချိန်မီ   စိုက်ပျိုးနိုင်ရေး အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် တောင်ရပ်ကွက် ရှိ မြစိမ်းရောင်ဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တ အရိယဝံသအား သွားရောက်ဖူးမြော်ပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် Gas မီးဖိုများ လှူဒါန်း သည်။
အလားတူ ရသေ့တောင်မြို့၌ ရောက်ရှိနေသော ဗိုလ်ချုပ် အောင်မျိုးထွန်းသည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်၌ ATOM တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ် ခဲ့သည့် မြို့ပေါ်ရပ်ကွက် နှစ်ခုနှင့် ကျေးရွာ သုံးရွာတို့မှ ဒေသခံပြည်သူများအတွက်  ATOM နှင့် We Love Rakhine အဖွဲ့တို့မှ ဆန်၊ စားသောက်ဖွယ်ရာများနှင့် ဆောက်လုပ်ရေးပစ္စည်းများ  ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်အားပေးသည်။
ထို့အတူ  ရခိုင်ပြည်နယ်  ကျောက်တော်မြို့၌ ရောက်ရှိနေသော   ဗိုလ်မှူးချုပ်   အောင်သူဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ   ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့်   ပျက်စီးခဲ့သည့် ကျောက်တော်စိုက်ပျိုးရေးသိပ္ပံကျောင်း   ပြန်လည် တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး ပြီး    လိုအပ်သည်များ    ညှိနှိုင်းဆောင်ရွက်ပေး  သည်။
အလားတူ    ရခိုင်ပြည်နယ်    မောင်တောမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဒေသ အတွင်းရှိ ရေလုပ်ငန်းရှင်များအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ တွေ့ဆုံဆွေးနွေးပြောကြား ပြီး ရေလုပ်ငန်းရှင်များ၏ တင်ပြချက်အပေါ်  လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်