ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဇူလိုင်   ၂၂


ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက် ခတ်မှုကြောင့်    ထိခိုက်ပျက်စီးခဲ့ သည့်   ဒေသများတွင်    ပြန်လည် ထူထောင်ရေး       လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်     အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီး   ဖြစ် သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ    ဆောင်ရွက်ရန် အတွက်    ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင်   ရခိုင်ပြည် နယ် ကျောက်ဖြူမြို့၌ ရောက်ရှိနေ သော   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည်  ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ    စေတီယျ ရပ်ကွက်ရှိ     စေတီယျတောင်၌ သာသနိက အဆောက်အအုံများနှင့် ဘုရားစေတီများ    အနီးပတ်ဝန်း ကျင်နေရာများအား   နယ်မြေခံ တပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာ     ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက  စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများ ကို သွားရောက်ကြည့်ရှုအားပေးပြီး တိုင်းရင်းဆေးလုပ်ငန်းရှင်များကပေးပို့လှူဒါန်းထားသည့် တိုင်းရင်း ဆေးမျိုးစုံအား        ပေးဝေခဲ့ကြ သည်။


အလားတူ  ဘူးသီးတောင်မြို့ ၌ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ  ဒုတိယ ဗိုလ်ချုပ်ကြီး     အေးဝင်းသည်  ဌာနဆိုင်ရာ   တာဝန်ရှိသူများနှင့် အတူ မြို့သစ်ရပ်ကွက်ရှိ အခြေခံ ပညာ   အလယ်တန်းကျောင်း(ခွဲ)၊ မီးရထားဆိပ် ရပ်ကွက်ရှိ မြို့မနာရီ စင်လမ်းတစ်လျှောက်  လမ်းဘေး ဝဲ/ယာတို့၌ နယ်မြေခံတပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ များက     စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို    သွား ရောက်ကြည့်ရှုအားပေးပြီး အမှတ် (၅)   ရပ်ကွက်၊   အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌  သွေး လွန်တုပ်ကွေးရောဂါ   ကြိုတင် ကာကွယ်ရေး     အသိပညာပေး ဟောပြောပွဲသို့  တက်ရောက်ကာ အသိပညာပေး       လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် အမှတ်(၅) ရပ်ကွက် အတွင်းရှိ နေအိမ်များ၌ သွေးလွန် တုပ်ကွေးရောဂါ        ကြိုတင် ကာကွယ်ရေးအတွက်  ဖုံး၊  သွန်၊ လဲ၊ စစ်   လုပ်ငန်းများ   တစ်အိမ် တက်ဆင်း    လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေမှုနှင့်      မြို့ပေါ် ရပ်ကွက်များအလိုက်   ခြင်ဆေး ဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု များကို     သွားရောက်ကြည့်ရှု စစ်ဆေးပြီး    လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေး သည်။


ထို့အတူ      ချင်းပြည်နယ် မတူပီမြို့၌    ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်မောင်အေးသည် ဌာနဆိုင်ရာ   တာဝန်ရှိသူများနှင့် အတူ မတူပီတောင်တန်းသာသနာ ပြု  ဗဟိုကျောင်းရှိ  ဘုန်းတော် ကြီးသင်   ပညာရေးကျောင်း၌    တက်ရောက်    သင်ကြားနေသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ  ဆရာမများအား   ဗလာ စာအုပ်များ၊    စာရေးကိရိယာများ နှင့်  ထောက်ပံ့ငွေများ  ပေးအပ်ပြီး (ဝဲပုံ)ကျောင်းထိုင်ဆရာတော်အား ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။


အလားတူ     တီးတိန်မြို့၌ ရောက်ရှိနေသော    ဗိုလ်မှူးချုပ် ဝင်းကိုကိုသည်    ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ   ထေရဝါဒ ဗုဒ္ဓသာသနာပြု   ဗဟိုကျောင်းရှိ ဘုန်းတော်ကြီးသင်     ပညာရေး ကျောင်း၌ တက်ရောက်သင်ကြား နေသော ကျောင်းသား ကျောင်းသူ များနှင့် ဆရာ ဆရာမများအား ဗလာစာအုပ်များ၊ စာရေးကိရိယာ များနှင့် ထောက်ပံ့ငွေများ ပေးအပ် ပြီး ကျောင်းထိုင်ဆရာတော်အား ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ခေါက်ဆွဲ ခြောက်များ  ဆက်ကပ်လှူဒါန်းခဲ့ သည်။


ထို့အတူ စစ်တွေမြို့၌ ရောက်ရှိ နေသော ဗိုလ်မှူးချုပ် အောင်ကျော် မိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ   ပြည်နယ်စည်ပင် သာယာရေးရုံး အစည်းအဝေးခန်းမ ၌    မြို့သန့်ရှင်းသာယာလှပရေး အတွက်   အမှိုက်များ  စနစ်တကျ စွန့်ပစ်နိုင်ရန်နှင့်   ပတ်သက်၍   ပြည်သူလူထုအား တွေ့ဆုံဆွေးနွေး ပြီး     သဘာဝဘေးအန္တရာယ် ထူထောင်ရေးအတွက် ထပ်မံခွဲဝေ ရရှိသော     ဆန်အိတ်များကို ဒေသခံပြည်သူများအတွက် ထုတ် ပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ သည်။


အလားတူ ကျောက်တော်မြို့ ၌  ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည်   ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ   ပိုက် သည်ရပ်ကွက်ရှိ မြို့အဝင်လမ်း၌ ဌာနဆိုင်ရာ      ဝန်ထမ်းများနှင့် စိုက်ပျိုးရေး     သိပ္ပံကျောင်းမှ ကျောင်းသား   ကျောင်းသူများကစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို   သွားရောက်ကြည့်ရှု အားပေးပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်၊    ချမ်းမြေ့နဒီ စာကြည့်တိုက်နှင့်   စိုက်ပျိုးရေး သိပ္ပံကျောင်းအတွက်  သုတ၊ ရသ စာအုပ်/စာစောင်များအားပေးအပ် ခဲ့သည်။


ထို့အတူ ရမ်းဗြဲမြို့၌ ရောက်ရှိ နေသော ဗိုလ်မှူးချုပ်  ဇော်မင်း အေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ    အမှတ်  (၆)ရပ်ကွက်ရှိ   မြို့တည်ဆုတောင်း ပြည့်    တန့်ရှင်ပင်စေတီတော် အနီး ပတ်ဝန်းကျင်နေရာများကို နယ်မြေခံတပ်မှ တပ်မတော်သား များနှင့်   ဌာနဆိုင်ရာဝန်ထမ်း များက      စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို     သွား ရောက်ကြည့်ရှု    အားပေးသည်။ ယင်းနောက် မြို့ပေါ်(၆)ရပ်ကွက်ရှိ စာသင်ကျောင်းများ၊  ဘုန်းတော် ကြီးကျောင်းများ၊ လူနေအိမ်များ နှင့် ဈေးဆိုင်များ၌ မိုးရာသီကာလ အတွင်း      ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင် ကိုက်ခံရခြင်းကြောင့်    ဖြစ်ပွား တတ်သည့်    အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင် ကာကွယ်ရေးအနေဖြင့်  ခြင်ဆေး ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုများကို  သွားရောက်ကြည့်ရှု စစ်ဆေးပြီး    လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်