
နေပြည်တော် ဇွန် ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ် ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာ ချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ အစိုးရရပ်ကွက်ရှိ မင်းပြင်ဝန်ထမ်းအိမ်ရာနှင့် ခရိုင်ဆေးရုံဝန်ထမ်းနေအိမ်လိုင်းခန်း ခြံဝင်းတို့အား သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုများကို သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ငါးကျဉ်တောက်- ဘူးသီးတောင်သွား လမ်းမကြီး ဝဲ/ ယာ၊ အနောက်ရပ်ကွက် မြို့ဝင်ပန်းခြံ နှင့် မေယုလမ်း ဝဲ/ ယာတို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေး ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် တောင်ရပ်ကွက်ရှိ ဝေနေယျသုခ ပရဟိတ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် Gas မီးဖိုများ လှူဒါန်းပြီး အဆိုပါကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်း သား ကျောင်းသူများအား ကြည့်ရှုအားပေးစကား ပြောကြားသည်။
ထို့အတူ ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ရောက်ရှိ နေသော ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေတခါးပေါ်တော်မူမဟာကျန် ဘုရားကြီး ကျောက်ရာဇ်ကေကျောင်းတိုက်၌ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။
အလားတူ သံတွဲမြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ် စိုးနိုင်ဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများက မြို့နယ်များ သာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုနှင့် သံတွဲသီတဂူ မျက်စိဆေးရုံခြံဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။(အပေါ်ပုံ)
ထို့အတူ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ နှစ်ရှည် လေကာပင်များ စိုက်ပျိုးပေးပြီး ဌာနဆိုင်ရာဝန်ထမ်း များ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှု အားပေးသည်။
အလားတူ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်သည် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောင်မင်္ဂလာကန် ဘေး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ရခိုင်ပြည်နယ် မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ခုနှစ် မျိုးစေ့ထုတ်လုပ် မည့် တောင်သူများထံသို့ မျိုးကောင်းမျိုးသန့်စေ့နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပြီး ကိုင်းကြီး ကျေးရွာရှိ တောင်သူ ၁၈ ဦး၏ လယ်မြေဧက ၆၀ ကို စက်မှုလယ်ယာဦးစီးဌာနက လယ်မြေများအား ထွန်စက် လေးစီးဖြင့် ထွန်ယက်ပေးနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်