
နေပြည်တော် ဇူလိုင် ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာ ချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။
ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အစိုးရရပ်ကွက်ရှိ မင်းကျောင်း ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တမဟိန္ဒအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကာ အဆိုပါကျောင်းတိုက်၌ နယ်လှည့်ဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး ပြီး ဆေးကုသမှုခံယူနေသူ ဒေသခံပြည်သူများအား ဆီ၊ ရေသန့်၊ စားသောက်ဖွယ်ရာများနှင့် တိုင်းရင်း ဆေး လုပ်ငန်းရှင်များက ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံတို့ကို ပေးအပ်လှူဒါန်းသည်။ ယင်းနောက် သန်ပန်ချောင်းရပ်ကွက်ရှိ MSME လုပ်ငန်းတစ်ခုဖြစ်သည့် ငါးကွမ်းရှပ် ငါးတစ်မျိုး တည်းဖြင့်သာ ထုတ်လုပ်လျက်ရှိသည့် 7- TOP ငါးမုန့်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးသည်။
အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ် ကြီး အေးဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ကွန်တိုင်ကျေးရွာအုပ်စု စက်မှုအထက်တန်း ကျောင်း၌ ကျေးရွာအုပ်စု သုံးစုတို့မှ လေဘေးသင့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းများ၊ ဆန်၊ ဆားနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ပြီး အဆိုပါကျောင်း၌ နယ်လှည့်ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ လေဘေးသင့်ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လေဘေးသင့်ပြည်သူ များအား ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေးမှုအခြေ အနေများနှင့်ပတ်သက်၍ ဆွေးနွေးကာ တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၎င်းနောက် ဘူးသီး တောင်တပ်နယ်အတွင်းရှိ မူကြိုကျောင်းများမှ ကလေးငယ်များအား အာဟာရဖြည့်စွက်စာများ သွားရောက် ကျွေးမွေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့အတူ မြောက်ဦးမြို့၌ ရောက်ရှိနေသည့် ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ကျိုးကျပြိုလဲခဲ့သော မြို့တွင်း တယ်လီဖုန်း ကွန်ကရစ်တိုင်များ အသစ်လဲလှယ် နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ရသေ့တောင်မြို့၌ ရောက်ရှိနေသည့် ဗိုလ်ချုပ် အောင်မျိုးထွန်း သည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ အရှေ့မြောက်ရပ်ကွက်ရှိ ဓမ္မာရုံ ကြီး၌ ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသ ရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး (အောက်ဝဲပုံ) အဆိုပါ ဓမ္မာရုံကြီးအတွက် သွပ်အချပ် ၅၀ လှူဒါန်းသည်။
ထို့အတူ ချင်းပြည်နယ် ပလက်ဝမြို့၌ ရောက်ရှိ နေသော ဗိုလ်မှူးချုပ် နေဝင်းအောင်သည် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကီမိုခန်းမ၌ မိုခါမုန်တိုင်းဒဏ် ကြောင့် နေအိမ်များ ပျက်စီးခဲ့သည့် အိမ်ထောင်စု များအတွက် ထောက်ပံ့ငွေ၊ သစ်ခွဲသားနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စု များအတွက် ထောက်ပံ့ငွေ၊ သစ်ခွဲသားနှင့် ထောက်ပံ့ ပစ္စည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများကို ပေးအပ်ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။
အလားတူ စစ်တွေမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရွာသစ်ကေကျေးရွာရှိ စပါး စိုက်တောင်သူများအား GW- 11 စပါးမျိုးစေ့များနှင့် ပတ်သက်၍ အထွက်နှုန်းတိုးတက်စေရေးအတွက် စနစ်တကျ စိုက်ပျိုးရန်၊ ရာသီအမီ စိုက်ပျိုးနိုင်ရေး နှင့် လိုအပ်သော သွင်းအားစုများကို ထည့်သွင်းအသုံး ပြုရန် စသည်ဖြင့် ဆွေးနွေးမှာကြားသည်။
ထို့အတူ ပုဏ္ဏားကျွန်းမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်သည် ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ စိုက်ပျိုးရေးရုံး၌ မျိုးစပါးထောက်ပံ့ နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အထက်တန်း ကျောင်းခွဲ (အလယ်စု) ရှိ ကျောင်းသား ကျောင်းသူ များကို ဒံပေါက်ဘူးများ ပေးဝေလှူဒါန်းသည်။ ယင်းနောက် ဦးရာဇ်တော် ကြိုးတံတားပြန်လည် ပြုပြင်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ မောင်တောမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကညင်ချောင်းစီးပွားရေးဇုန်ရှိ တာဝန် ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ကုန်သွယ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ ဆွေးနွေးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့မည့် ကုန်ပစ္စည်းများအား စက်လှေ များပေါ်သို့ တင်ဆောင်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
ထို့ပြင် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့၌ ရောက်ရှိနေသော နယ်လှည့်ဆေးကုသရေးအဖွဲ့များ သည် ဒေသခံပြည်သူများအား သတ်မှတ်နေရာများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်