
နေပြည်တော် ဇွန် ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဆေးကုသမှု ခံယူရာမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်သည့် နဂါးကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စက္ကိန္ဒာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ကျန်းမာရေးအခြေ အနေများ မေးမြန်းလျှောက်ထား၍ နဝကမ္မအလှူ ငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် စေတီတောင်ရပ်ကွက်ရှိ စွန့်ပစ်အမှိုက်ပုံ ကြီးအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း များနှင့် ရပ်ကွက်နေပြည်သူများက ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။ ယင်းနောက် ငလပွေ့ရပ်ကွက်ရှိ MSME လုပ်ငန်းတစ်ခုဖြစ်သော နေလှန်းဆားကြမ်းမှ အိမ်သုံးအိုင်အိုဒင်းဆား ထုတ်လုပ်သည့် ကြံတိုင်း အောင် ဆားကြိတ်စက်လုပ်ငန်းသို့ သွားရောက်၍ ဆားထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်အား လေ့လာ ကြည့်ရှုအားပေးခဲ့သည်။
အလားတူ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လက်ဝဲဒက်ပြင်ရှည်ကျေးရွာ အုပ်စု ဂန္ဓမာကျေးရွာ၌ ကျေးရွာ လေးရွာမှ ဒေသခံ ပြည်သူများအား နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး ကျေးရွာ ရှစ်ရွာမှ လေဘေးသင့်ပြည်သူ များအား ဆန်နှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။ ယင်းနောက် အမှတ် (၃) ရပ်ကွက်ရှိ မြို့လယ်ရေမြောင်းအား မြို့သန့်ရှင်းသာယာလှပစေ ရေး၊ မိုးရာသီကာလ ရေမြောင်းများ ရေပြည့်ရေလျှံမှု များ မဖြစ်စေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရေး အတွက် စက်ယန္တရားများဖြင့် တူးဖော် ဆောင်ရွက်နေ မှုကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ရခိုင်ပြည်နယ် သံတွဲမြို့၌ ရောက်ရှိနေ သော ဗိုလ်ချုပ် စိုးနိုင်ဦးသည် ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မိုးစပါး စိုက်ဧကပြည့်မီရေးနှင့် လယ်ယာသားငါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး တာဝန်ရှိသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ရောက်ရှိနေသော ဗိုလ်ချုပ် အောင်မျိုးထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တောင်ရင်တန်း ရပ်ကွက်ရှိ အလိုတော်ပြည့်ကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့အတူ ရခိုင်ပြည်နယ် မင်းပြားမြို့၌ ရောက်ရှိ နေသော ဗိုလ်မှူးချုပ် ခင်ဇော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မင်းပြားမြို့နယ် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ လှူဒါန်းသည့် ဆွမ်းဆန်တော်များနှင့် စားသောက်ဖွယ်ရာများကို သီလရှင်ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံး ဆောက်တည်နေကြသည့် သာသနာ့နွယ်ဝင် သီလရှင် ၃၃ ပါးအား အလယ်ပိုင်းရပ်ကွက်ရှိ ဓမ္မိ ကာရုံ ပရိယတ္တိစာသင်ကျောင်းတိုက်၌ သွားရောက် ဆက်ကပ်လှူဒါန်းသည်။ (အပေါ်ပုံ)
အလားတူ ရခိုင်ပြည်နယ် မောင်တောမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့သူကြီးကျေးရွာ၌ မောင်တောခရိုင် သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ် သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ၌ တက် ရောက် အမှာစကားပြောကြားပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စိုက်ပျိုးပင် များ ဖြန့်ဝေပေးသည်။ ယင်းနောက် သစ်ပင်များ စုပေါင်းစိုက်ပျိုးကြပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူ များ၏ သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေး သည်။ ထို့နောက် မြို့မတောင်ရပ်ကွက်၌ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းသည်။
သတင်းစဉ်