
စစ်တွေ စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ Kyauk phyu Electric Power Co.,Ltd မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စက်ကိရိယာပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ရောဂါကူးစက်မှုနှုန်း မြင့်တက်နေချိန်တွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် နေ့မနား ညမအားဆိုသလို ကြိုးစားဆောင်ရွက်ခဲ့ ကြောင်း၊ အောက်ဆီဂျင်ရရှိရေးအတွက် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်၏ ပံ့ပိုးကူညီမှု၊ ပူးပေါင်းမှု များဖြင့် ကြိုးစားဆောင်ရွက်ခဲ့ရကြောင်း၊ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းပြီဖြစ်သော်လည်း ဆက်လက်ရှိနေသေးသည့်အတွက် ပေါ့ဆ၍ မရ ကြောင်း၊ နောက်ထပ် ရောဂါမျိုးရိုးဗီဇပြောင်းလဲမှု များ ရှိနေသည့်အတွက် မိမိတို့အနေဖြင့် ယခင် လုပ်ဆောင်ခဲ့သည့် အတွေ့အကြုံများဖြင့် ဆက်လက် ကာကွယ်၊ ထိန်းချုပ်ရမည်ဖြစ်ကြောင်း၊ အောက် ဆီဂျင်နှင့် ပတ်သက်သည့် ပစ္စည်းများသည် မိမိတို့ တွင် လုံလောက်မှုရှိသည်ဟု ပြော၍မရနိုင်ကြောင်း၊ ကိုဗစ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများကို ပြန်လည် လည်ပတ်နိုင်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ လှူဒါန်း ပေးမှုအတွက် ရခိုင်ပြည်နယ်ရှိ ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် Kyauk phyu Electric Power Co.,Ltd မှ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ ကောင်းမြတ်လင်းက ကျန်းမာရေးစောင့်ရှောက်မှု စက်ကိရိယာများကို လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှု စက်ကိရိယာပစ္စည်းများကို Kyauk phyu Electric Power Co.,Ltd မှ ဒေါက်တာကောင်းမြတ်လင်းက ပေးအပ်လှူဒါန်းရာ ပြည်နယ်ဘဏ္ဍာငွေ၊ လှူဒါန်းငွေ ရရှိရေးနှင့် ရိက္ခာစုဆောင်းဖြန့်ဝေရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ Kyauk phyu Electric Power Co.,Ltd မှ လှူဒါန်းသည့် ပစ္စည်း များမှာ ငွေကျပ် ၂၇၅၇၂၀၀၀ တန်ဖိုးရှိ Oxygen Concentrator 10L ၁၀ ခု၊ Non Invasive Ventilator တစ်ခု၊ Oxygen Cylinders 40L အခု ၂၀၊ Pulse Oximeter ၃၀ တို့ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)