
စစ်တွေ ဇူလိုင် ၂၂
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းက စစ်တွေမြို့နယ် အတွင်းရှိ IDP စခန်းများသို့သွားရောက်၍ ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ဖြန့်ခွဲနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သဲချောင်းကျေးရွာ Cyclone Shelter ၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်းများ သို့ ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
နိုင်ငံတော်မှ ကူညီထောက်ပံ့ပေး
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ များစွာရှိပါ ကြောင်း၊ IDP စခန်းများတွင် စခန်း၏ကောင်းရာကောင်းကျိုးများကို လုပ်ဆောင်နေကြသည့် စခန်း တာဝန်ခံကို ယခုကဲ့သို့ ကျန်းမာစွာတွေ့ဆုံရသည့် အတွက် ဝမ်းသာပါကြောင်း၊ မုန်တိုင်းမဝင်ရောက်မီကာလတွင်လည်း မိမိတို့အစိုးရအဖွဲ့နှင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြသည့် စခန်းတာဝန်ခံများကို လည်း ကျေးဇူးတင်ပါကြောင်း၊ IDP စခန်းများနှင့် ကျေးရွာများတွင် မူလအနေအထားအတိုင်း စည်စည် ကားကားဖြင့် ရောင်းဝယ်ဖောက်ကားနေသည်ကို တွေ့ရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ မုန်တိုင်းဒဏ်သင့်မြို့နယ်များကို နိုင်ငံတော်မှ ဦးစား ပေးအလိုက် အမိုးအကာအောက် ရောက်ရှိရေးကိစ္စရပ် များ၊ စားဝတ်နေရေးကိစ္စရပ်များ၊ ပညာသင်ကြား နိုင်ရန်ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည့် ကူညီထောက်ပံ့ပေးရေး လုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ မိမိတို့လက်ရှိ လုပ်ဆောင်နေကြသည့် ရောင်းဝယ်ဖောက်ကားရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များ၊ ငါးဖမ်းလုပ်ငန်းများကိုလည်း ယခင်ကထက် တိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ယခင် ထက် အထွက်နှုန်းကောင်းအောင် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် မွေးမြူနိုင်အောင် ဆောင်ရွက်ကြစေ လိုကြောင်း၊ စခန်းတာဝန်ခံများကလည်း စည်းရုံး တိုက်တွန်းပေးကြစေလိုကြောင်း၊ လိုအပ်ချက်များ ရှိပါကလည်း စခန်းတာဝန်ခံများက သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ဆက်သွယ် အကြောင်းကြားကာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြစေလိုကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ် များအတွက် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်း၊ စခန်းတာဝန်ခံများအနေဖြင့် စခန်း သန့်ရှင်းသာယာရေးကို စခန်းအတွင်း နေထိုင်ကြ သူများနှင့် ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သို့မှသာ ရောဂါဘယများ ကင်းဝေးမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့က ဆောင်ရွက်ပေးရမည့် ကိစ္စရပ် များရှိပါက တင်ပြပေးကြစေလိုကြောင်း၊ ယခု ထောက်ပံ့ပေးအပ်မည့် ဆန်များကိုလည်း စခန်း တာဝန်ခံများက မျှမျှတတဖြင့် ဖြန့်ဝေပေးကြစေလို ကြောင်းနှင့် လိုအပ်ချက်များရှိပါက ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးများက သဲချောင်း၊ ဒါးပိုင်း၊ သက္ကေပြင်၊ မော်သီညှာနှင့် ဘာဆာရာ IDP စခန်းများမှ စခန်းတာဝန်ခံများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ကြရာ စခန်းတာဝန်ခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲချောင်းကျေးရွာ Cyclone Shelter အား လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို မှာကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခေါင်းဒုက္ကာကျေးရွာသို့ သွားရောက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ စခန်းတာဝန်ခံများနှင့် တွေ့ဆုံ ပြီး ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက် ကြသည်။
ဆန်ရိက္ခာများထောက်ပံ့
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးနေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်း များ တိုးချဲ့လုပ်ကိုင်နိုင်ရေး၊ စခန်းသန့်ရှင်းသာယာ ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအား ဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးများက ခေါင်းဒုက္ကာ(၁)၊ ခေါင်းဒုက္ကာ(၂)၊ ဘောဒူဖ(၁)၊ ဘောဒူဖ(၂)၊ အုန်းတောကြီး(တောင်)၊ အုန်းတောကြီး (မြောက်)၊ ချမ်းသာကုန်နှင့် အုန်းတောချေ IDP စခန်း များမှ စခန်းတာဝန်ခံများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ကြရာ စခန်းတာဝန်ခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စစ်တွေ မြို့နယ်အတွင်းရှိ IDP စခန်းတွင် နေထိုင်ကြသူများ အတွက် ဆန်ရိက္ခာ အိတ် ၁၄၀၀ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံအားပေးစကားပြောကြား
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး MV- WERU PACK KHA နှင့် ပြည်တော်အေး(၃) သင်္ဘောပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်း များကို လူအင်အား စက်ယန္တရားအင်အားများ အသုံးပြုကာ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးရန် စီစဉ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား ခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းဆောင်ရွက်နေကြသည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်းသို့ သွားရောက်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကုန်ပစ္စည်းများအား သင်္ဘောကြီးများဖြင့် တင်ဆောင် ၍ ရခိုင်ပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချနိုင်ရန် အတွက် စက်ယန္တရားများဖြင့် အတင်အချပြုလုပ် နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)