
စစ်တွေ ဩဂုတ် ၃၁
ရခိုင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း က ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ပြီးနောက် ရခိုင် ပြည်နယ်အတွင်း ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား စစ်တွေ မြို့နယ် ရေချမ်းပြင်ဆိပ်ကမ်း ၌တွေ့ဆုံကာ ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ပြီး ပြည်နယ်သဘာဝ ဘေး ပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် အတွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ပြီးနောက် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြ ပြီး မိမိတို့ဒေသများ၌ မူလ တာဝန်များကို ပြန်လည်ထမ်း ဆောင်ရန် စစ်တွေမြို့မှ ပြန်လည် ထွက်ခွာကြမည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ရေချမ်းပြင် ဆိပ်ကမ်း၌ တွေ့ဆုံကာ ဂုဏ်ပြု အားပေးစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် သည်။ (ဝဲပုံ)
မွန်းလွဲပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပြည်နယ်သဘာဝ ဘေး ပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ရခိုင် ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း က ပြန်လည်ထူထောင်ရေးကာလ တွင် ပြည်နယ်အတွင်း ကော်မတီ (၆) ရပ်ဖြင့် ဆောင်ရွက်နေပါ ကြောင်း၊ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ စာရင်းဇယားများ မှန်ကန်ရေးကို စနစ်တကျဖြင့် လုပ်ဆောင်ပေးကြစေလိုကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ပြီးမြောက်သွားသည့်အခါတွင် တိကျမှန်ကန်ပြီး စာရင်းဇယား စနစ်တကျဖြင့် မှတ်တမ်းများ ကျန်ရှိနိုင်အောင် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ဆိုင်ကလုန်း မုန်တိုင်းမိုခါနှင့် ပတ်သက်၍ မှတ်တမ်းပြုစုရေး (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး မှတ်တမ်းထုတ်ပြန်နိုင်ရေး ပြုစု ဆောင်ရွက်လျက် ရှိကြောင်း၊ လုပ်ငန်း ကော်မတီများကလည်း ကော်မတီအလိုက် ပြန်လည် ထူထောင်ရေးပစ္စည်းများ ရောက် ရှိမှု၊ ဖြန့်ခွဲမှုများမှတ်တမ်းမှတ်ရာများပြုစုပြီး ဖြန့်ခွဲရာတွင်လည်း မြို့နယ်အလိုက် ဖြန့်ခွဲမှုများကို အသေးစိတ် ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း ပြော ကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ညနေပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်တွေ မြို့ ဘက်စုံသုံးဆိပ်ကမ်း၌ MV CHARITY သင်္ဘောပေါ်မှ ဆန်အိတ် များတင်ချနေမှု၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဆိပ်ကမ်း၌ MYIT KYI NA သင်္ဘောပေါ်မှ ဆန်အိတ်များ နှင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း များတွင် အသုံးပြုမည့်ပစ္စည်း များကို လူအင်အား၊ စက်ယန္တရား အင်အားများ အသုံးပြုကာ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေး ရန် စီစဉ်ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)