
စစ်တွေ ဇူလိုင် ၅
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက စစ်တွေတက္ကသိုလ်၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော စာသင်ဆောင်၊ စာသင်ခန်း၊ ကျောင်းသား အိပ်ဆောင်များ ပြန်လည်ပြုပြင်နေမှုနှင့် ပြုပြင်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယ ဝန်ကြီးများနှင့် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်တို့က တက္ကသိုလ် အတွင်း စာသင်ဆောင်များ ပြုပြင် ပြီးစီးမှု၊ ကျောင်းသား ကျောင်းသူ များ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားနိုင်ရန် စာသင်ခုံများ အသစ်လဲလှယ်မှုနှင့် မွမ်းမံပြုပြင် ပြီးစီးမှု အခြေအနေများကို လိုက်လံ ရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ် အတွင်း ကျောင်းသား ကျောင်းသူ များ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနေမှုနှင့် ဝေသာလီ ဆောင် (ကျောင်းသားဆောင်) ပြုပြင်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်ပင်မ ဆောင် အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ဆောက်လုပ် ရေးကုမ္ပဏီများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်တို့ကတက္ကသိုလ်အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်ကဏ္ဍများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ်သည် ဒုတိယဝန်ကြီး များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ သည့် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်ပြီး ရခိုင်ပြည်နယ် စက်သုံးဆီ လုပ်ငန်းရှင်များ က လှူဒါန်းသည့် ငွေကျပ် သိန်း ၁၁၀ ကို လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်သည် အဆိုပါအစည်း အဝေးခန်းမ၌ ကျင်းပသည့် သဘာဝဘေးပြန်လည်ထူထောင် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး လုပ်ငန်းကော်မတီများ အလိုက် ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီ အမံများ၊ လုပ်ငန်းတိုးတက်မှုအခြေ အနေများနှင့် စပ်လျဉ်းပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ (အပေါ်ပုံ)
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီး သွားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းကို အရှိန်အဟုန် ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော် မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့နှင့် မြေပုံမြို့တို့ရှိ မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာအချို့ကို ဇွန် ၇၊ ၁၈ နှင့် ၂၃ ရက်တို့တွင် ဓာတ်အားစနစ်မှ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ် သည်။
ဆက်လက်၍ ဇူလိုင် ၅ ရက် တွင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်ဓာတ်အားလိုင်းနှင့် ၃၃ ကေဗွီ မင်းပြား - ပေါက်တော ဓာတ်အားလိုင်း ပြန်လည်ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သဖြင့် မွန်းလွဲပိုင်းတွင် ရသေ့တောင်မြို့ရှိ ၆၆/၁၁ကေဗွီ၊ ၅ အမ်ဗွီအေ ရသေ့ တောင် ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ (၃) ဖီဒါမှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာ အလုံး ၂၀ ဖြင့် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် နှင့် ကျေးရွာတစ်ရွာရှိ လျှပ်စစ်မီး သုံးစွဲသူ ၂၀၉၇ ဦးနှင့် ညနေပိုင်း တွင် ပေါက်တောမြို့ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ပေါက်တော ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ (၂) ဖီဒါမှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူး ရေးထရန်စဖော်မာ ၂၂ လုံးဖြင့် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိ လျှပ်စစ်မီးသုံးစွဲသူ ၂၂၄၈ ဦးတို့ ကို ဓာတ်အားစနစ်မှ ဓာတ်အား ပြန်လည် ဖြန့်ဖြူးပေးနိုင်ပြီဖြစ် သည်။
ယခုအခါ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ် အားလိုင်း၊ ဓာတ်အားခွဲရုံနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးခဲ့ သည့် မြို့နယ် ၁၀ မြို့နယ်အနက် ရှစ်မြို့နယ်အား ဓာတ်အားစနစ်မှ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေး နိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိ သည့် မြို့နယ်နှစ်မြို့နယ်ကို အမြန် ဆုံး ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက အင်တိုက်အားတိုက် ကြိုး ပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်