
နေပြည်တော် ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ ဒုတိယဥက္ကဋ္ဌ (၁) အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး ရခိုင် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက် ရောက်သည်။
ရှေးဦးစွာ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများ ပြန်လည်စိစစ်လက်ခံရေး နှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများအတွက် မိမိတို့ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ အပါအဝင် လုပ်ငန်းကော်မတီ လေးခု၊ သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တို့မှ လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အပြီးသတ်ဆောင် ရွက်နိုင်ရေးနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် ကောင်းမွန် ထိရောက်သည့် ဆုံးဖြတ်ချက် များ ချမှတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး နှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစဉ်များကို အရှိန် အဟုန်မပျက် ဆောင်ရွက်ရေးနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေး၊ ရခိုင်ပြည်နယ်ရှိ ပြည်သူများ ၏ ဘဝလုံခြုံရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဆက်လက်ဆောင် ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ယနေ့ ညှိနှိုင်းအစည်းအဝေးမှ ရရှိလာသည့် ကောင်းမွန်သည့် သုံးသပ် အကြံပြုချက်များအပေါ် အခြေခံ၍ အကျိုးရှိထိရောက် သည့် ဆုံးဖြတ်ချက်များကို တစ်ပါ တည်း ချမှတ်သွားမည် ဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်း ကော်မတီများအနေဖြင့် ရှေ့ဆက် လက်ဆောင်ရွက်ရမည့် ကိစ္စရပ် များကို ရေးဆွဲထားသည့် စီမံချက် များနှင့်အညီ အောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြော ကြားသည်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်က ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည် စိစစ်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး၊ နိုင်ငံ တကာနှင့် ပူးပေါင်းဆောင်ရွက် ရေးတို့နှင့်စပ်လျဉ်း၍ လည်း ကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) ပြည် ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က ပြန်လည် ဝင်ရောက်လာသူများကို လူသား ချင်းစာနာမှု အကူအညီအထောက် အပံ့ပေးရေးနှင့် ပြန်လည်နေရာ ချထားရေးအတွက် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ လူဦးရေစိစစ်မှု ကဏ္ဍ၊ ပြန်လည်လက်ခံရေးဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများ ကဏ္ဍ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင် ရွက်မှုကဏ္ဍ၊ လူမှုစီးပွား ဖွံ့ဖြိုးရေး ကဏ္ဍ၊ လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်း ကော်မတီ (HARWC) ၏ ရန်ပုံငွေ ရှင်းလင်းမှုကဏ္ဍ၊ လုံခြုံရေးကဏ္ဍ များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီး ဌာနများက ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး အစည်း အဝေးသို့ တက်ရောက်လာကြ သူများက အကြံပြု ဆွေးနွေး ကြသည်။
ထို့နောက် ညှိနှိုင်းပေါင်းစပ် ရေးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများက တင်ပြချက်များ အပေါ် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်