
နေပြည်တော် ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာ ဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ ဒုတိယဥက္ကဋ္ဌ(၁) အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယ ဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် လုပ်ငန်း ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ညှိနှိုင်း ပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း ကော်မတီများအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများကို ကြိုတင်မျှော်တွေး၍ ရေးဆွဲထားသည့် စီမံချက်များ နှင့်အညီ ဆောင်ရွက်ကြစေလို ကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ က ရေးဆွဲထားသည့် စီမံချက်နှင့် အညီ အောင်မြင်အောင် ဆောင် ရွက်သွားကြရန် လိုအပ်ပါ ကြောင်း။
လတ်တလော ဦးစားပေး ဆောင်ရွက်ရမည့် Pilot Project အတွက် ပြန်လည်လက်ခံရေး စခန်းများဖြစ်သည့် တောင်ပြို လက်ဝဲနှင့် ငါးခူရစခန်း၊ လှဖိုး ခေါင်ကြားစခန်းနှင့် ပြန်လည် နေရာချထားမည့် နေရာများတွင် ဆောင်ရွက်စရာ ရှိသည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွား ကြရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လုပ်ငန်း ကော်မတီများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့အနေဖြင့် အပြန် အလှန် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ခြင်း၊ လုပ်ငန်းမှတ်တမ်းများ နှင့် စာရင်းဇယားများကို စနစ် တကျ ထိန်းသိမ်းထားရှိခြင်းနှင့် လုပ်ငန်းတိုးတက်မှု အစီရင်ခံစာ များကို မှန်ကန်မြန်ဆန်စွာ ပြုစု ပေးပို့ခြင်းတို့ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်း အကျယ်တဝင့် ဆွေးနွေးပြော ကြားသည်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က လုပ်ငန်း ကော်မတီများ ပေါင်းစပ်ညှိနှိုင်း ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေးနှင့် ပြန်လည်နေရာ ချထားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများ၊ နေရပ်စွန့်ခွာသူများအား Pilot Project အဖြစ် ပြန်လည်လက်ခံ ရေးနှင့် ပြန်လည်နေရာချထား ရေးအတွက် ဆောင်ရွက်ထားရှိ မှုများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံတို့ ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို လည်းကောင်း ရှင်းလင်းဆွေးနွေး ကြသည်။
ထို့နောက် အစည်းအဝေး သို့ တက်ရောက်လာကြသူများက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေးကိစ္စရပ်များ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ကော်မတီအလိုက် ဆောင်ရွက် နေသည့် လုပ်ငန်းများနှင့် ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြကြ သည်။
တင်ပြချက်များအပေါ် ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်